www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 26, 2017

ရန်‌ကုန်‌မြို့ရှိ ထပ်‌မံတည်‌‌ဆောက်‌မည့် အထပ်‌မြင့်‌ စီမံကိန်းများအတွက်‌ တိကျ‌သော မြို့ပြစီမံကိန်းများ ချမှတ်‌ရန်‌လိုအပ်



ရန်ကုန် ၂၆-၆-၂၀၁၇

ရန်‌ကုန်‌မြို့သည် လက်‌ရှိအချိန်‌ထိ အာရှတိုက်‌၏ ဆွဲ‌ဆောင်‌မှုရှိ‌သော မြို့များထဲတွင်‌ ပါဝင်‌‌နေပြီး အထပ်‌မြင့်‌ အ‌ဆောက်‌အအုံ တည်‌‌ဆောက်‌မှုများ သိသိသာသာ များပြားနေသော်‌လည်း ထပ်‌မံတည်‌‌ဆောက်‌မည့် အထပ်‌မြင့်‌ စီမံကိန်းများအတွက်‌ တိကျ‌သော မြို့ပြဖွံ့ဖြိုး‌ရေး စီမံကိန်းများ ချမှတ်‌ရန်‌ လိုအပ်‌‌ကြောင်း က‌နေဒါနိုင်‌ငံ အ‌ခြေစိုက်‌ B+H မြို့ပြဖွံ့ဖြိုး‌ရေးနှင့်‌ ဗိသုကာဆိုင်‌ရာ အကြံ‌ပေးကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ မစ္စတာရောဘတ်မာရှယ် ထံမှ သိရသည်။

ရန်‌ကုန်‌မြို့ကို ‌နေချင်‌စဖွယ်‌မြို့‌တော်‌ တစ်‌ခုဖြစ်‌‌စေရန်‌ ရှေးဦးစွာ လူသွားစင်္ကြံ‌များကို အဆင့်‌မြှင့်‌တင်‌သင့်‌ပြီး နိုင်‌ငံခြားခရီးသွား ဧည့်သည်များကို ဆွဲ‌ဆောင်‌နိုင်‌ရန်‌ ရန်‌ကုန်‌မြို့လယ်‌ရှိ မဟာဗန္ဓုလပန်းခြံမှ ပန်းဆိုးတန်း ဆိပ်‌ကမ်းတစ်‌လျှောက်‌ သွားလာနိုင်‌ရေး‌ လူသွားစင်္ကြံတစ်‌ခု အမြန်‌ဆုံး ပြုလုပ်‌သင့်‌‌ကြောင်း မစ္စတာရောဘတ်မာရှယ်က အကြံပြုခဲ့သည်။

လူသွားစင်္ကြံများ အဆင့်‌မြှင့်‌တင်‌မှုနှင့်‌ အတူ ပတ်‌ဝန်းကျင်‌ထိခိုက်‌မှု လျော့နည်းပြီး ကုန်‌ကျစရိတ်‌သက်‌သာ‌သော‌ ရေ‌ကြောင်းလမ်းနှင့်‌ ရထား သွားလာမှု စနစ်‌များကိုလည်း အဆင့်‌မြှင့်‌တင်ရန်‌ လိုအပ်ကြောင်း သိရသည်။ရန်‌ကုန်‌မြို့သို့ နှစ်‌စဉ်‌‌ရွှေ့‌ပြောင်း အ‌ခြေချ‌ နေထိုင်‌သူဦး‌ရေ တဖြည်းဖြည်း များပြားလျက်‌ရှိပြီး မြို့ပြပုံစံကိုချဲ့ထွင်‌ရန်‌ လိုအပ်‌သည့်‌ အချိန်‌ဖြစ်‌သကဲ့ သို့ အာရှတိုက်‌၌‌ သမိုင်းအ‌မွေအနှစ်‌နှင့်‌ကိုလိုနီ‌ခေတ်‌လက်‌ရာ အ‌ဆောက်‌အအုံ အများဆုံး တည်‌ရှိရာမြို့တစ်မြို့ဖြစ်သည့်‌အတွက်‌ ယင်းအ‌ဆောက်‌ အအုံများကိုလည်း ထိန်းသိမ်း‌စောင့်‌‌ရှောက်‌သင့်‌‌ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger