www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

မြင်းခြံမြို့တွင် မော်တော်ဆိုင်ကယ် ၃၃ စီး ခိုးယူမှုကို ဖော်ထုတ်ဖမ်းဆီးရမိ



မြင်းခြံ ၂၉-၆-၂၀၁၇

မြင်းခြံမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ် မျိုးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့တွင် မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာမှ မော်တော်ဆိုင်ကယ် ခိုးယူသူများကို ယနေ့တွင်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

မြင်းခြံမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများကြောင့် မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းမှု များရှိရာမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးထွန်းအောင်သည် နယ်ထိန်းတပ်ဖွဲ့ဝင် များနှင့်အတူ ဖော်ထုတ်စစ်ဆေးရာမှ ဇွန် ၁၆ ရက်တွင် အမှတ် (၁) ရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ စန်းဗိုလ်ကို ဆိုင်ကယ်ခုနစ်စီးခိုးယူ ထားမှုဖြင့် (ပ)၉၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားခဲ့ပြီး ဇွန် ၂ဝရက်တွင် အခြားမော်တော် ဆိုင်ကယ် ခိုးယူထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ ယဉ်မင်းထွန်း(ခ) Y2K၊ အမှတ် (၃)ရပ်ကွက်နေ မောင်လှမင်းထက် (ခ) ဝတုတ်(ခ) တရုတ်ကြီးတို့ကို မော်တော်ဆိုင်ကယ် ၁၃ စီးခိုးယူထားမှုဖြင့် (ပ) ၂၃၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

ထို့အတူ ဇွန် ၂၆ရက် တွင် အခြားမော်တော်ဆိုင်ကယ် ခိုးယူထားသူများဖြစ်သည့် အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ စိုးထွန်း (ခ) ဘာလီ၊ ဆင်းဂွတ်ကျေးရွာနေ မျိုးလှိုင်(ခ) မျိုးကြီးတို့နှင့်အတူ ပူးပေါင်းပါဝင်သော အမှတ်(၂)ရပ်ကွက်နေ ဖြိုးဝေ (ခ) ချစ်မွေးတို့ကို မော်တော်ဆိုင်ကယ် ၁၃စီး ခိုးယူထားမှုဖြင့် (ပ)၂၄၇/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ၃၈ဝ/၅၄ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ မော်တော်ဆိုင်ကယ်များကို မြင်းခြံမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များမှခိုးယူခဲ့ကြောင်း၊ ထို့ပြင်မန္တလေးမြို့မှ မော်တော်ဆိုင်ကယ် များလည်း ခိုးယူသည့်အထဲတွင် ပါဝင်ကြောင်း သိရသည်။

ခိုးယူခံရသည့် မော်တော်ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထားများ ယူဆောင်၍ မြို့မရဲစခန်းတွင် မိမိတို့ဆိုင်ကယ်ဟုတ်၊ မဟုတ် လာရောက် စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger