www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

မန္တလေးမြို့ မောရဂီဝါရပ်ကွက် နှစ်ထပ်အဆောက်အအုံ အပေါ်ထပ်ရှိအဲကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၉-၆-၂၀၁၇

မန္တလေး ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် အကွက် (၆၁၈) ၃၄x၃၅လမ်းကြား၊ ၇၄x၇၅လမ်းကြားရှိ ပိုင်ရှင်ဦးထွန်းမြင့် (ခ)အလိုင်း(ဘ)ဦးမြ၏ (၁ဝx၁၅)ပေ နံကပ်နှစ်ထပ် အဆောက်အအုံ အပေါ်ထပ်တွင် ယနေ့မွန်းလွဲ ၂ နာရီမိနစ် ၅ဝက အဲကွန်း Safe Guard  အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၅စီး၊ ရေသယ်ယာဉ်ငါးစီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၅ဝနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၁၂ဝတို့သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၂နာရီမိနစ်၅ဝတွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၃နာရီ ၅၅မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁ဝx၁၅)ပေ နံကပ်နှစ်ထပ် အဆောက်အအုံနှစ်လုံး၏ အပေါ်ထပ်အခန်းနှစ်ခန်း၊ အဲကွန်းတစ်လုံး နှင့်အတွင်းပစ္စည်း အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ် ၃ဝဝဝဝဝခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင်ထွန်းမြင့် (ခ) အလိုင်း(ဘ) ဦးမြကိုချမ်းအေးသာစံမြို့နယ် အမှတ် (၈)မြို့မရဲစခန်းက (ပ)၄ဝဝ/၂ဝ၁၇၊ ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger