www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

ပခုက္ကူမြို့တွင် စက်မှုလုပ်ငန်းများ မြို့ပြင်စက်မှုဇုန်အတွင်းသို့ ပြောင်းရွှေ့ပေးရေးအတွက် ပြည်သူလူထုဦးရေ ၂ဝဝ ကျော် ဆန္ဒထုတ်ဖော်



ပခုက္ကူ ၁၅-၆-၂၀၁၇

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင်း ဒေသခံပြည်သူအချို့နှင့် စက်မှုဇုန်အတွင်းရှိ ဒေသခံပြည်သူ များသည် မြို့တွင်းရပ်ကွက်များရှိ စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်းသို့ ပြောင်းရွှေ့ပေးရေးအတွက် ယနေ့ နံနက်ပိုင်းက ပြည်သူလူထု ဦးရေ ၂ဝဝကျော်က ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် မြို့တွင်းရှိ စက်မှုလုပ်ငန်းများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြသည့် ပြည်သူလူထုအချို့နှင့် စက်မှုဇုန်အတွင်းမှ စက်မှုလုပ်ငန်းရှင်များ ပူးပေါင်း၍ လူဦးရေ ၂ဝဝကျော်သည် ပခုက္ကူစက်မှုဇုန်မှ ကားတန်းများဖြင့် ထွက်ခွာ၍ ပခုက္ကူမြို့အဝင် ရွှေချောင်းအဝိုင်းတွင် တန်းစီလျက် မြို့တွင်းစက်မှု လုပ်ငန်းများ ပိတ်သိမ်းရေးဟူသော ဆိုင်းဘုတ်များထောင်၍ သံပြိုင်ဟစ်ကာ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

၎င်းဆန္ဒ ဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂ဝ၁၄ခုနှစ်မှစပြီး စက်မှုလုပ်ငန်းများသည် စက်မှုဇုန်အတွင်းသို့ လည်ပတ်လုပ်ကိုင်မှု မရှိဘဲ မြို့တွင်းထဲသို့ ဝင်ရောက်လုပ်ကိုင် နေခြင်းကြောင့် မြို့တွင်းရှိပြည်သူ လူထုမှာအသံဆူညံ မှု၊ လေထုညစ်ညမ်းမှု၊ ရပ်ကွက်အတွင်း သွားလာရာတွင် ကျဉ်းမြောင်းလာမှု စသော ဆိုးကျိုးများဖြစ်ခြင်း၊ ထို့ပြင်မြို့တွင်း၌ လုပ်ကိုင်ကြသည့်အတွက် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး တွင်လည်း အဟန့်အတားဖြစ် စေနိင်ခြင်း စသော အကြောင်းများကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော် ပြီးသည့်နောက် ထူးခြားမှုတစ်စုံတစ်ရာ မရှိပါက ဆက်လက်ဆန္ဒထုတ် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger