www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ၌ စာအုပ်တိုက်ပေါင်း ၇ဝခန့်ပါဝင်မည့် ဈေးရောင်းပွဲတော်ကျင်းပမည်



မန္တလေး ၁၅-၆-၂၀၁၇

မန္တလေးမြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ အခမ်းအနား၌ စာအုပ်တိုက်ပေါင်း ၇ဝခန့် ပါဝင်ရောင်းချမည့် ဈေးရောင်းပွဲတော် ကျင်းပသွားမည် ဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့်အထိမ်းအမှတ် ရုပ်တုနှင့်ရင်ပြင် ဖြစ်မြောက်ရေးအဖွဲ့ (မန္တလေး) မှ သိရသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံတွင် ထားရှိထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ၁၇ရက်၊ ၁၈ရက် နှင့် ၁၉ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ရာအဆိုပါအခမ်းအနား ၌မန္တလေးနှင့် ရန်ကုန်မြို့တို့မှ စာအုပ်တိုက်ပေါင်း ၇ဝခန့် လာရောက်ဖွင့်လှစ်ကာ ဈေးရောင်းပွဲတော် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝပြည့် အထိမ်းအမှတ်ရုပ်တုနှင့်ရင်ပြင် ဖြစ်မြောက်ရေးအဖွဲ့(မန္တလေး) မှတွဲဖက် အတွင်းရေးမှူး ဦးမင်းထက်ငြိမ်းချမ်းက ပြောပြသည်။

''ကလေးစာပေ ပွဲတော်ပြီးရင်တော့ ဒါက ဒုတိယအကြီးဆုံး စာပေပွဲတော် တစ်ခုပါပဲ။ ရန်ကုန်က စာအုပ်တိုက်တွေကတော့ အများစုပေါ့ သူတို့က စာအုပ်တိုက်ပေါင်း ၅ဝကျော်လောက်ထိ လာပြီးရောင်းချ သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ အဝေးကနေလာဖွင့်ရတဲ့ အတွက် ခုံတွေ၊ စားပွဲတွေငှားရမ်း တာကို သူတို့ဈေး သက်သက်သာသာနဲ့ ရဖို့တွေ၊ နောက်တည်းစရာ နေရာတွေ စီစဉ်ပေးပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ကလေးစာပေမှ ရသစာပေ၊ သုတစာပေနှင့် ဗဟုသုတစာအုပ် အမျိုးအစားအစုံ ပါဝင်ပြသသွားမည် ဖြစ်ပြီး ဇွန်လ ၁၇ရက်မှ ၁၉ ရက်ထိ နံနက် ၉နာရီခန့်မှ စတင်၍ ညပိုင်းထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

''တောင်ကြီးစာပေ ပွဲတော်ကနေ ကျွန်တော်တို့က ဆင်းလာတာ။ သတင်းစာတွေထဲမှာလဲ ကြော်ငြာတွေ့တာနဲ့ ဝင်စုံစမ်းပြီး ပြချင်တာပါ။ နောက် ရန်ကုန်ပြန်သွား တော့လဲ အစက နှစ်ဆိုင်သုံးဆိုင်လောက်ပဲ ပါမယ်ထင်ခဲ့တာ။ဒါပေမဲ့ တကယ်ကျတော့ ဟိုလူကလဲပါမယ်၊ ဒီလူကလဲ ပါမယ်နဲ့ တိုက်က ၅ဝကျော်လောက် ဖြစ်သွားတယ်။ စာအုပ်ကတော့ အစုံပါပဲ ကလေးစာပေကနေ သုတစာပေ၊ ရသစာပေတွေထိ ပါပါတယ်''ဟု အဆိုပါစာအုပ် ဈေးပွဲတော် သို့ ရန်ကုန်မြို့မှ လာရောက်ပြသ ရောင်းချမည့် ရွှေပဒေသာစာပေမှ ဦးကျော်ခင်က ပြောပြ၍သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger