ရန်ကုန် ၂-၅-၂၀၁၇
ပြည်တွင်းရှိ ကော်ဖီစေ့များမှာ လက်ရှိတွင် ဥရောပဈေးကွက်နှင့် အမေရိကန်ဈေး ကွက်များ၌ ဈေးနှုန်းမြင့်မား လျက်ရှိပြီး အမှာစာများလည်း ယခင်နှစ်များကထက် ပိုမိုရရှိလာရာ ယခုနှစ်အတွက် ကော်ဖီစေ့ ၁၈ တန်ကို အမေရိကန် နိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။
ပြည်တွင်းမှ ထွက်ရှိသော ကော်ဖီစေ့များကို ဂျပန်နှင့် အာရှနိုင်ငံတို့သို့ အဓိကတင်ပို့ လျက်ရှိသည်။ အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် ယခင်နှစ်က ကော်ဖီစေ့ ၁၈ တန် နှစ်ကြိမ်တင်ပို့ခဲ့ပြီး ယခုနှစ်အတွက် ကော်ဖီစေ့ ၁၈ တန်စတင် တင်ပို့မည် ဖြစ်သည်။
''ပြည်တွင်းက ကော်ဖီစေ့တွေကို အခုဥရောပ ဈေးကွက်မှာ ကြိုက်နှစ်သက်မှု တွေရှိနေပါတယ်။ ဝယ်ယူတဲ့ဈေးနှုန်းတွေ ကလည်း အမေရိကန် ဒေါ်လာအနေနဲ့ တစ်တန်ကို ၄ဝဝဝ ကနေ ၆ဝဝဝ ကျော်အထိ
ရရှိနေတယ်။ ဒါကြောင့် ကော်ဖီစေ့တွေကို တင်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် တည်ငြိမ်တဲ့ဈေးကွက် ဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်''ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က ပြော
သည်။
ကော်ဖီပင်များကို မြန်မာနိုင်ငံအထက် ပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုး လျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကော်ဖီပင် စိုက်ပျိုးသောဧက သုံးသောင်းကျော် ရှိကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment