www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 11, 2017

အမေရိကန်အခြေစိုက် ထိုင်းဂျာမန်ဆိုလာကမ်ဖန်ပက် ကုမ္ပဏီက လုပ်ငန်းစတင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၁၁- ၅-၂၀၁၇

အမေရိကန်နိုင်ငံ အခြေစိုက် ထိုင်းဂျာမန် ဆိုလာကမ်ဖန်ပက် ကုမ္ပဏီ (Thai Germansolar Kamphaengphet) က ခွင့်ပြုချက်ရရှိပါက ခြောက်လအတွင်း စက်ရုံတည် ဆောက်ကာ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ၏ သတင်းများအရ သိရသည်။

အဆိုပါကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဂျာမန်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရန်အတွက် သတင်းစာရှင်းလင်းပွဲ ကိုလည်း ယခုနှစ် မေ၇ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်သည်။

အဆိုပါအမေရိကန် နိုင်ငံအခြေစိုက် Thai Germansolar Kamphaengphet ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုကို လက်ရှိ အမေရိကန်နိုင်ငံတွင် အောင်မြင်စွာ အသုံးပြုဆောင်ရွက် နေသည့် Green Technolog နည်းပညာကို အသုံးပြု ဆောင်ရွက်သွား မည်ဖြစ်သည်။

အဆိုပါလုပ်ငန်း စီမံချက်ကို အကောင်အထည် ဖော်ဆောင်ရွက် နိုင်ပါက လက်ရှိအသုံးပြု နေသည့် လျှပ်စစ်သုံးစွဲခ ဈေးနှုန်းများထက် များစွာလျော့နည်း ရောင်းချပေးနိုင် မည်ဟုသိရသည်။ လျှပ်စစ် တစ်ယူနစ်လျှင် အမေရိကန် နိုင်ငံသုံးငွေ (၇) ဆင့်၊ (၈) ဆင့်ခန့်နှင့် ရောင်းချပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger