www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 9, 2017

နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် ၁၂ဘီး ကုန်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုကြောင့် ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွား



နောင်ချို  ၉-၅-၂၀၁၇

ရှမ်းပြည်နယ်၊ နောင်ချို မြို့ နယ်တွင် မေ ၇ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ဂုတ်တွင်း လမ်းပိုင်း မိုင်တိုင်အမှတ် (၈၂/၄-၅) ကြားတွင် ၁၂ဘီး ကုန်တင် ယာဉ်တစ်စီး တိမ်းမှောက် မှုကြောင့် ခေတ္တလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့၊ ဂုတ်တွင်းလမ်း ပိုင်းတွင် မူဆယ်မှ မန္တလေးသို့ ယာဉ်မောင်း ဇင်ဝိုင်း ကျောက်ဆည်မြို့ မန္တလေးတိုင်း ဒေသကြီးနေသူ မောင်းနှင်၍ ယာဉ်နောက်လိုက် ပြုံးကျော် မြစ်သားမြို့ မန္တလေးတိုင်း ဒေသကြီးနေသူ လိုက်ပါလာသော ကုန်မျိုးစုံ တင်ဆောင်လာသည့် FUSO အမျိုးအစား ၁၂ဘီး ယာဉ်တိမ်းမှောက်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ၁၂ဘီးယာဉ်သည် လမ်းအကွေ့ အတက်ပိုင်းအရောက်၌ လမ်းချော်၍ လမ်း၏ဘယ်ဘက်သို့ တိမ်းစောင်းလဲကျ ခဲ့ခြင်းဖြစ်သည်။ ယာဉ်တိမ်းမှောက်မှု ကြောင့်ယာဉ် ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း ယာဉ်လမ်း ပိတ်ဆို့မှု ဖြစ်ပွားကာ ခရီးသွားများ အချိန်ကြန့်ကြာ ခြင်းဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

အမှတ် (၁၂ဝ) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု နောင်ချိုမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စိတ်မှ ရဲအုပ်ခင်မောင်မြင့်နှင့် ယာဉ်ထိန်း ၁ဝ ဦးတို့က ယာဉ်ကြောများ ပိတ်ဆို့မှု ကိုဖြေရှင်း ဆောင်ရွက်ပေးရာ ယနေ့ နံနက်၂နာရီတွင် ယာဉ်များ ပုံမှန်ပြန်လည် သွားလာနိုင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို နောင်ချိုမြို့မရဲစခန်းက ယာဉ် (ပ) ၃၂/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger