www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 9, 2017

ကချင်ပြည်နယ် ဖားကန့်မြို့မရပ်ကွက်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား



ဖားကန့် ၉-၅-၂၀၁၇

ကချင်ပြည်နယ် ဖားကန့်မြို့မြို့မရပ်ကွက်တွင် မေ ၇ရက်ည ၁ဝ နာရီမိနစ်၅ဝက မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းခိုင်ဦးသည် ဖားကန့်မြို့မ ရဲစခန်းတွင် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် မေ ၇ရက် ည ၁ဝနာရီ မိနစ် ၅ဝက ဖားကန့်မြို့ မြို့မရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရသက်သေများနှင့် အတူသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မီးလောင်မှုကို မျက်မြင်သက်သေများ ဖြစ်သည့် ဒေါ်ခင်သန်းထွေး (ဆောင်း ကဖေး)၊ အခန်းပိုင်ရှင် ဦးတိုးမြင့်စိန်တို့၏ ပြောပြချက်အရ အခန်းပိုင်ရှင် ဦးတိုးမြင့်စိန် ပိုင်ဆိုင်သော ဦးပိုင်အမှတ် (၄၅)၊အိမ်အမှတ်မရှိတွင် ငှားရမ်းနေထိုင်သူ ဦးသန်းမိုး၏ ကုန်စုံဆိုင်ရှိ မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ခြေ ၁၄ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း၂ဝဝဝခန့်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် ဦးစီးအဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ဦးပြေငြိမ်းနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၃စီး၊ ရေသယ်ယာဉ် ၁၅စီး၊ ဘက်ဟိုးယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ မေ ၈ရက် နံနက် ဝဝနာရီ မိနစ်၃ဝတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကို ပေါ့ဆစွာသုံးစွဲပြီး ထွက်ပြေးတိမ်း ရှောင်နေသူ ဦးသန်းမိုး (ဘ) ဦးသန်းညွန့် ကလပ်ကုန်းဈေးတန်း မြို့မရပ်ကွက် ဖားကန့်မြို့နေသူကို ဖားကန့်မြို့မရဲစခန်းက (ပ)၅၆/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ဖြင့် အမှုရေးဖွင့်ပြီး ဦးသန်းမိုးကို ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger