www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 9, 2017

မန္တလေးမြို့ Down Town ဧရိယာအတွင်း လမ်းပိုင်းအရည်အသွေးတိုးတက်စေရေး ဂျာမနီမှဝယ်ယူထားသည့် နိုင်လွန်ကတ္တရာကျို စက်ကြီးဖြင့် ဇွန်လမှစ၍ အဆင့်မြင့်တင်မည်



မန္တလေး ၉-၅-၂၀၁၇

မန္တလေးမြို့ Down Town ဧရိယာအတွင်း လမ်းပိုင်း အရည်အသွေး တိုးတက်ကောင်းမွန်လာ စေရေးအတွက် ဂျာမနီနိုင်ငံမှ ဝယ်ယူထားသည့် နိုင်လွန်ကတ္တရာ ကျိုစက်ကြီးဖြင့် ဇွန်လမှစ၍အဆင့် မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍမှာ အဓိက အစိတ်အပိုင်း တစ်ခုအနေဖြင့် ပါဝင်နေပြီး ပြီးခဲ့သည့် နှစ်နှစ်ဆယ်ကျော် ကာလက နည်းပညာပိုင်း လည်းဖွံ့ဖြိုးမှု အားနည်းနေ သေးသည့်အတွက် လမ်းပိုင်း အရည်အသွေး မှာလည်း အားနည်းခဲ့ရာ ယခုလက်ရှိအချိန်တွင် နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်လာ သည့်အပြင် လမ်းခင်းစက်ကြီးများ ကိုလည်း ထုတ်လုပ် လာနိုင်ခြင်း ကြောင့် မန္တလေးမြို့ရှိ လမ်းပိုင်း အရည်အသွေး မှာကောင်း မွန်လာကြောင်း၊ မြို့၏ အဓိကလမ်းမကြီးများ တွင်သာ လမ်းပိုင်း အရည်အသွေး ကောင်းမွန် သော်လည်း ကြားလမ်းများတွင် အနည်းငယ် အားနည်းနေ သေးကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုဘဏ္ဍာနှစ် အတွင်း၌ အဓိကလမ်းမကြီးများ အစားကြားလမ်းများကို အဓိက ပစ်မှတ်ထားကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ၎င်းကြားလမ်း များကို ဂျာမနီနိုင်ငံမှ ဝယ်ယူထားသည့် နိုင်လွန်ကတ္တရာ ကျိုစက်ကြီးဖြင့် ဇွန်လမှစ၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ၎င်းစက်ကြီးဖြင့် လမ်းပိုင်းများကို နိုင်လွန်ကတ္တရာ ခင်းကျင်းရာ ၌ကျောက်၊ သဲ၊ ထုံး စသည့် ကုန်ကြမ်းပစ္စည်းများကို ရောနှောကာ လမ်းပိုင်းများကို နည်းပညာမြင့်မား စွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ထိုစက်ကြီးဖြင့် တစ်နာရီလျှင် ကတ္တရာတန်ချိန် ၆ဝမှ ၈ဝထိ ကျိုနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger