www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 9, 2017

မန္တလေး-မြစ်ကြီးနား အစုန်၊ အဆန် ပြေးဆွဲနေသည့် ရိုးရိုးတွဲဆိုင်းများအစား လေအိတ်ရထား တွဲဆိုင်းများဖြင့် အစားထိုးပြေးဆွဲမည်



မန္တလေး ၊ ၉-၃-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း မန္တလေး-မြစ်ကြီးနား အစုန်၊ အဆန် လမ်းပိုင်းကို ပြေးဆွဲ နေသည့် ရိုးရိုး တွဲဆိုင်းများ အစား လေအိတ် ရထား တွဲဆိုင်း များဖြင့် အစားထိုး ပြေးဆွဲ ပေးသွား မည်ဖြစ်ကြောင်း မန္တလေးဘူတာကြီး ရုံပိုင် ချုပ်ထံမှ သိရသည်။

''အခု အစားထိုး ပြေးဆွဲမယ့် လေအိတ် ရထား တွဲဆိုင်း တွေနဲ့ ရိုးရိုး တွဲဆိုင်းတွေ အများကြီး ကွာခြားမှု ရှိတယ်။ ရိုးရိုး ရထား တွဲဆိုင်း တွေက သံလမ်းက ညီညာမှု မရှိရင် ရထားဟာ ခုန်နေသလို စီးနင်းသူ တွေပါ လှုပ်ယမ်း နေတာမျိုးတွေ ဖြစ်တယ်။ အခု ပြေးဆွဲ ပေးမယ့် လေအိတ် ရထားက ရထားဘီး သာခုန် နေပေမယ့် ခရီးသည် စီးနင်းတဲ့ အခါမှာ လှုပ်ယမ်း တာတွေလဲ မဖြစ်နိုင် သလို ရထားပေါ်မှာ စားစရာ၊ သောက် စရာတွေ ကိုလဲ တည်ငြိမ်စွာ နဲ့စားနိုင် သောက်နိုင် တဲ့အဆင့်ထိ ရှိတယ်။ ဒါကြောင့် လေအိတ် ရထားတွဲဆိုင်း တွေ ရောက်လာတာနဲ့ ဟောင်းနွမ်း နေတဲ့ ရထားတွဲဆိုင်း တွေကိုပါ အစားထိုး ပြေးဆွဲပေး သွားဖို့ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမှ ရန်ကုန်ကို ပထမ ဆုံးအကြိမ် အဖြစ် ယခင် ပြေးဆွဲ နေသည့် ရိုးရိုးရထား တွဲဆိုင်းများ အစား တရုတ် နိုင်ငံမှ ဝယ်ယူထားသည့် လေအိတ် ရထားတွဲဆိုင်း များကို အစားထိုး ပြောင်းလဲ ပြေးဆွဲ ပေးခဲ့ရာ အခြား ခရီးသည် လိုက်ပါ စီးနင်းမှု မှာလည်း တိုးတက်မှု ရှိလာကြောင်း၊ ယခုလက်ရှိ အချိန် တွင်လည်း မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသွား ဧည့်သည်များ လိုက်ပါ စီးနင်းရာတွင် အဆင့် အတန်း မြင့်မားစွာ သွားလာ နိုင်ရေးအတွက် ယခု လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ မှ လေအိတ် ရထားတွဲဆိုင်း များကို ဝယ်ယူ ထားပြီး ဖြစ်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း၌ ၎င်း ရထားတွဲဆိုင်း များ ရောက်ရှိလာ ပါက အစားထိုး ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မန္တလေး ဘူတာကြီးမှ ပြေးဆွဲ ပေးနေသည့် ရထားလမ်းပိုင်း များမှာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ငါးစီး၊ မန္တလေး-ရန်ကုန် အမြန်ရထား သုံးစီး၊ စာပို့ရထား  တစ်စီး၊ မန္တလေး-လားရှိုး ရထားလမ်း ပိုင်းနှစ်စီး၊ မြို့ဟောင်း- သာစည် လမ်းပိုင်းတွင် တစ်စီး စသည်ဖြင့်  ပြေးဆွဲ ပေးလျက် ရှိကြောင်း သိရသည်။ 

အဆိုပါ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို လေအိတ် ရထားတွဲဆိုင်း များ အစားထိုး ပြောင်းလဲ ပြေးဆွဲပါက ခရီးသည် လိုက်ပါ စီးနင်းမှု အပိုင်းတွင် လည်း ဖွံ့ဖြိုး တိုးတက် လာနိုင်သည့် အပြင်စီးနင်း မည့် ခရီးသွား များမှာလည်း စည်းကမ်း တကျနှင့် လိုက်ပါ စီးနင်း ပေးကြရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger