www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 9, 2017

မြန့်မာ့ကော်ဖီကို ကမ္ဘာက ကြိုက်နှသ်သက် လျက်ရှိပြီး နှစ်စဉ် တန်ထောင်ချီ တင်ပို့နေရ



ပြင်ဦးလွင် ၊ ၉-၃-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီရာသီ ဌာနခွဲ ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေး ခြံ ပြင်ဦးလွင်မြို့ ပွေးတောင်ရွာ တွင် ကော်ဖီ ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့်များ (GAP) တောင်သူ ပညာပေး ကွင်းလက်တွေ့ သရုပ်ပြ ပွဲကို ယနေ့ နံနက်က ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

လက်တွေ့ကွင်း သရုပ်ပြပွဲ သို့ ပြင်ဦးလွင်မြို့ နယ် အတွင်းရှိ ကော်ဖီစိုက် တောင်သူများ ဖြစ်ကြသော ညောင်နီ၊ ကန်တော်ကြီး၊ ရေချမ်းအိုး၊ အနီးစခန်း၊ ပွေးတောင်၊ လက်ပံကုန်း၊ သရက်ပင်၊ နမ့် ကပ်ရွာတို့ မှ ကျေးရွာသူ၊ ကျေးရွာသား ဦးရေ ၁၅ဝ ခန့် တက်ရောက် ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း နှင့် ပြင်ဦးလွင် ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးမှူး တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ကြကြောင်း သိရသည်။ 

အခမ်း အနားတွင် ပွေးတောင် ကော်ဖီခြံ တာဝန်ခံနှင့် ဝန်ထမ်းများက ကော်ဖီပင် ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) အကြောင်း ဆွေးနွေး ပြောကြား ကြ ပြီး စိုက်ပျိုးရေး ဦးစီး ဌာနမှ ဝန်ထမ်း များက မြေသြဇာ ဥပဒေ၊ ပိုးသတ်ဆေး ဥပဒေ၊ မျိုးစေ့ ဥပဒေများ အကြောင်းကို ရှင်းလင်း ပြောကြား ကြကာ တောင်သူ ပညာပေး လက်တွေ့ ကွင်း သရုပ် ပြသခဲ့သည်။ 

မြန်မာ နိုင်ငံတွင် ကော်ဖီကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ ၊သံတောင်၊ လိပ်သို၊ မိုးကုတ်၊ ချင်းပြည်နယ် အစ ရှိသည့် ဒေသ တို့တွင် စိုက်ပျိုးလျက် ရှိပြီး မြန်မာ့ ကော်ဖီကို ကမ္ဘာက  ကြိုက်နှစ်သက် လျက် နှစ်စဉ် တန် ထောင်ချီ၍ တင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်က အမေ ရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ကော်ဖီပြပွဲ သို့လည်း ကော်ဖီစိုက် ပျိုးထုတ် လုပ်သည့် ကမ္ဘာ့ နိုင်ငံများ နှင့်ရင်ပေါင် တန်းလျက် မြန်မာနိုင်ငံမှ ဝင်ရောက် ပြသခဲ့ရာ ကမ္ဘာ့ အမှတ်ပေး ဇယား အဆင့်တွင် မြန်မာ့ကော်ဖီက အမှတ်(၈ဝ)အထက်တွင် ရပ်တည် ခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger