www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 9, 2017

အိမ်ခြေ (၆၈) လုံး ကမ်းပါးပြို အန္တရာယ်ရှိသော လက်ပံစုကျေးရွာ မြစ်ကမ်းပါးထိန်းသိမ်းရေး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌သာ လုပ်ဆောင်ပေးနိုင်မည်



ကနီ ၊ ၉-၃-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် ဆင်အို အုပ်စု လက်ပံစု ကျေးရွာသည် ချင်းတွင်း မြစ်ကမ်းဘေးတွင် တည်ရှိပြီး နှစ်စဉ် မိုးဥတု ချင်းတွင်း မြစ်ရေတက်ချိန် များတွင်  မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျ၍ လူနေအိမ်များ ရွှေ့ပြောင်း ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''လက်ပံစု ကျေးရွာရဲ့ မြစ်ကမ်းပါးထိန်း သိမ်းရေး လုပ်ငန်းကို လုပ်ဆောင် ပေးဖို့ လွှတ်တော်ကို တင်ပြ ထားပါတယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကတော့ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် မှာ လုပ်ဆောင် ပေးမယ်လို့ ကတိပြု ထားပါတယ်။ ဒီနှစ် မိုးဥတုမှာ ကျွန်တော်တို့ အနေနဲ့ မြစ်ရေ အခြေအနေပေါ် မူတည်ပြီး စောင့်ကြည့် ရမယ်။ လိုအပ်ရင် ကယ်ဆယ်ရေး လုပ်မယ်။ မနှစ်က မိုးဥတုမှာလဲ ကယ်ဆယ်ရေး လုပ်ခဲ့ရ ပါတယ်။ အခုလဲ အဲဒီလိုပဲ လုပ်ရမယ်။ မိုးဥတု ကျော်သွားပြီး လုပ်ငန်းတွေ လုပ်နိုင်ပြီ ဆိုရင် ကမ်းပြို ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်သွားမှာပါ။ လာမယ့်မိုး ဥတုမှာ ကျေးရွာ ကလူတွေနဲ့ တာဝန် ရှိသူတွေ ကတော့  ဝီရိယ နဲ့နေရုံ ရှိတာပဲ''ဟု ကနီမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။ 

၂ဝ၁၆ ခုနှစ် မိုးဥတုတွင် ချင်းတွင်း မြစ်ရေ တိုက်စားမှု ကြောင့် အဆိုပါ ကျေးရွာမှ လူနေအိမ် သုံးလုံးကို အရေးပေါ် ဖျက်သိမ်းရွှေ့ပြောင်းပေး ခဲ့ပြီး ယခုအခါ လူနေအိမ် ၆၈ လုံး သည်လည်း အန္တရာယ် ရှိသည့် အနေ အထားသို့ ရောက်ရှိ လျက်ရှိကြောင်း သိရသည်။

လက်ပံစု ကျေးရွာသည် ချင်းတွင်းမြစ် ကမ်းနံဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၇ဝ၊ အိမ်ထောင်စု ၂၉၅စု၊ အမျိုးသား ၆၆၄ ဦး၊အမျိုးသမီး ၇၃၆ ဦး စုစုပေါင်း ဦးရေ ၁၄ဝဝ ခန့်နေထိုင် လျက်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် မိုးဥတုတွင် ချင်းတွင်း မြစ်ကမ်း ပါးပြိုကျမှု ကြောင့် လူနေ အိမ်သုံးလုံး အရေးပေါ် ဖျက်သိမ်း ခဲ့ရပြီး ယခုအခါ ကမ်းပါး ပြိုကျ နိုင်သည့် အန္တရာယ် ရှိသော လူနေအိမ် ၆၈ လုံး ရှိရာ ကျေးရွာနေ ပြည်သူ များက ကမ်းပြို ထိန်းသိမ်းရေး လုပ်ငန်းများ အမြန်ဆုံး လုပ်ဆောင် ပေးရန် ဆန္ဒရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger