www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 3, 2017

ှမြန်မာ့ပန်းချီကားများ နိုင်ငံတကာ အဆင့်မီသော်လည်း ဈေးကွက်ထိုးဖောက်နိုင်ရန် ခေတ်နှင့်လျော်ညီသော မူပိုင်ခွင့်လိုအပ်



မကွေး ၊ ၃-၃-၂၀၁၇

မြန်မာ့ပန်းချီကား များသည် နိုင်ငံတကာ အဆင့် အတန်း မီသော်လည်း ဈေးကွက်ကို ထိုးဖောက် နိုင်ရန် မြန်မာ့ ပန်းချီကား များကို အကာ အကွယ်ပေး နိုင်ရန်၊ ခေတ်နှင့် လျော်ညီသော မူပိုင်ခွင့် ရရှိရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်း အရုံး (ဗဟို)  အလုပ်အမှုဆောင် ကော်မတီထံမှ သိရသည်။

ခေတ်နှင့် လျော်ညီသော ဥပဒေ ပြုပြင်နိုင်ရန် ယခုအခါ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ လွှတ်တော်နှင့် ပညာရှင် များက ပြန်လည် ပြင်ဆင်ရေး ဆွဲနေပြီး ၂ဝ၂ဝ ပြည့်နှစ်ခန့် တွင် အဆိုပါ ဥပဒေ ထွက်ပေါ်လာ နိုင်မည်ဟု သိရသည်။

ခေတ်နှင့် လျော်ညီသော ဥပဒေ တစ်ရပ် မရှိသေး သဖြင့် ကောင်းမွန်သော ပန်းချီ လက်ရာ များကို အစိတ် အပိုင်း သာမက ပန်းချီကား တစ်ခု လုံးနီးပါး ကိုပါ ပုံတူ ခိုးယူ သုံးစွဲမှုများ ရှိနေကြောင်း၊ ဈေးကွက် အတွင်းတွင်လည်း ဈေးပေါပေါ ဖြင့် ရောင်းချလာ ကြသည့် အတွက် စစ်မှန်သော ပန်းချီကား ဈေးကွက်များ နေရာ မရနိုင် တော့သည့် အနေ အထား ရှိနေကြောင်း မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်း အရုံး(ဗဟို) အလုပ် အမှုဆောင် ကော်မတီ ထံမှ သိရသည်။

မြန်မာ့ပန်းချီ လောကတွင် စီးပွားဖြစ် ပန်းချီ ရေးဆွဲခြင်း နှင့် အနုပညာ ပန်းချီ ရေးဆွဲခြင်း နှစ်မျိုးလုံး တိုးတက် နိုင်သော အနေအထား များ ရှိနေပြီး ဈေးကွက် အနေဖြင့် ပြည်တွင်းထက် ပြည်ပ ဈေးကွက်ကို ပိုမို အလေးထား လုပ်ဆောင် နေကြောင်း သိရသည်။

''ဒီလို မူပိုင်ခွင့်တွေ နဲ့ ပတ်သက် လို့ ခေတ်ကာလ နဲ့ လျောညီတဲ့ ဥပဒေ တွေရှိ လာရင် ပန်းချီကား တွေအတွက် အကာ အကွယ် ရလာ မှာပါ။ ပြည်တွင်းနဲ့ ပြည်ပမှာ လဲပန်းချီကား တွေရဲ့ ဈေးနှုန်းဟာ မြင့်တက်လာ မှာပါ'' ဟု မကွေး ဒေသခံ ပန်းချီ ဆရာတစ်ဦး က ပြောပြ၍ သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger