www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားသော Pal-V ကားပျံတစ်မျိုးကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ချိမည်


အစ်စတာဒမ် (၁၈-၂-၂၀၁၇)
.
နယ်သာလန် နိုင်ငံကုမ္ပဏီတစ် ခု က ထုတ်လုပ် ထားသော Pal-V ဟု ခေါ်သော ကားပျံတစ်မျိုးကို ၂ဝ၁၈ ခုနှစ်  နှစ်ကုန်ပိုင်း တွင်စတင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ 
.
လက်ရှိ အချိန်တွင် Pal-V ကကြိုတင်မှာ ယူမှုများကို လက်ခံ ပြီး၂ဝ၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် မှာယူသူများထံသို့ ပို့ဆောင်သွားပြီး ဖြန့်ချိရောင်းချ မှုများစတင် သွားမည်ဖြစ်ကြောင်း သိရသည်။ 
.
ရောင်းချသွားမည့် Pal-V မော်ဒယ်များမှာ ကားလမ်းနှင့် လေကြောင်းတွင် သွားလာရန် အတွက်မှတ်ပုံတင် ပြီးသားဖြစ်၍ မောင်းနှင်သူများက လေယာဉ် အသေးစားမောင်း နှင်ရန် ခွင့်ပြုချက် လက်မှတ်တစ် စောင်လိုအပ် ကြောင်း သိရသည်။ 
.
Pal-V ကားပျံများသည် လူနှစ်ဦး ထိုင်နိုင် ရန်အတွက် ထိုင်ခုံနှစ်လုံး ပါဝင်ပြီး ဟိုက်ဘရစ်ကားများ ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်းပေါ် သွားနေ ချိန်တွင် Pal-V ကားများက ဘီးသုံးဘီး ပါသော ဆိုင်ကယ်တစ်စီး နှင့်တူပြီး လေပေါ်သို့ ပျံသန်းလိုပါက မိမိ၏ ထိန်းချုပ်မှုဖြင့် ဆယ်မိနစ်အတွင်း ရဟတ်ယာဉ် တစ်စင်းသို့ ပြောင်းလဲ နိုင်ကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်း (၁၈-၂-၂၀၁၇)
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger