www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

ဗီတာမင်ဒီ လုံလောက်စွာ သောက်သုံးပေးချင်းဖြင့် အအေးမိ၊ တုပ်ကွေးဖျားနာကို ကာကွယ်ပေးနိုင်


လန်ဒန် (၁၈-၂-၂၀၁၇)
.
ဗီတာမင်ဒီကို လုံလောက်စွာ သောက်သုံးပေးခြင်းဖြင့် နှစ်စဉ် အအေးမိ၊ တုပ်ကွေးဖျား နာခံစား နေရသူပေါင်း သုံးသန်းထက်မနည်း ကိုကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသုတေသီ များကထုတ် ပြန်ကြေညာသည်။
.
ဗီတာမင်ဒီသည် အရိုးကျန်း မာရေးအတွက် အရေးကြီးကြောင်း၊ ထို့ပြင် ရောဂါခုခံသည့် စနစ်တွင် လည်းအရေးပါ သောအခန်းကဏ္ဍ တွင်ရှိကြောင်း၊ ထို့ကြောင့် နေ့စဉ် စားသုံးသည့် အစားအစာ များတွင် ဗီတာမင်ဒီ ပါအောင် အားဖြည့် ပေးရန် လိုအပ်ကြောင်း သုတေသီတစ်ဦးက ပြောပြသည်။
.
''ဗီတာမင်ဒီ အားဖြည့်ဆေး လုံးတွေကို အရိုးနဲ့ ကြွက်သား သန်မာဖို့ သောက်ကြပါတယ်။ ဒါပေမဲ့ ဗီတာမင်ဒီဟာ ခန္ဓာကိုယ် ရောဂါခုခံ တဲ့စနစ်ကိုလဲ အကျိုး ပြုပါတယ်။ အထူးသဖြင့် ဗီတာမင်ဒီဟာ မိုက်ခရို ဗက်တီးရီးယား တွေကို တိုက်ဖျက် ပေးနိုင်ပါတယ်။ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို အပေါက်တွေ ဖြစ်သွားစေနိုင် စွမ်းရှိ ပါတယ်။ ဒါပေမဲ့ ဗီတာမင်ဒီကို နေပူစာလှုံမှ အရေပြားပေါ်ကနေ တစ်ဆင့်ရရှိပါတယ်။ ဆောင်းတွင်း မှာ ဗီတာမင်ဒီ ရရှိမှုနည်းသွား ပါတယ်။ ဒါကြောင့် ဆောင်းတွင်း မှာ အအေးမိတာ၊ တုပ်ကွေးဖျားနာ တာတွေဖြစ်တာပါ''ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။
.
ဗီတာမင်ဒီကို အခြေအနေ ပေါ်မူတည်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ် သောက်သုံး ပေးသင့်ကြောင်း၊ အထူးသဖြင့် နေရောင် ခြည်ရရှိမှု နည်းပါးသည့် အချိန်များတွင် ဗီ တာမင်ဒီကို သောက်သုံး ပေးသင့်ကြောင်း၊ ဗီတာမင်ဒီသည် ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်နှင့် ဖော့စဖိတ် ပမာဏတို့ကို ထိန်းညှိ ပေးကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်းစာ ၁၈-၂-၂၀၁၇
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger