www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

Android Wear 2.0 အသုံးပြုထားသော စမတ်နာရီများ မိတ်ဆက် ခဲ့သည့် LG


.
Google နှင့် ပူးပေါင်းဖန် တီးထားသည့် watch Style နှင့် Watch Sport စမတ်နာရီ တို့ကို LG က မိတ်ဆက်ပေးလိုက် ပြီဖြစ်သည်။ ယင်းထုတ်ကုန် နှစ်မျိုးစလုံးမှာ Andriod Wear 2.0 အသုံးပြုထားသည့် ပထမဆုံး စမတ်နာရီများ ဖြစ်သည်။
.
LG Watch Style က အရွယ် သေးငယ်ပြီး ဈေးနှုန်းသက်သာ သည့်ဗားရှင်းကို အသုံးပြုထားသည်။ အဝိုင်းပုံစံ ၁ ဒသမ၂ လက်မ 360x360 Resolution P-OLED display၊ ambient light sensor ၊ Bluetooth နှင့် Wi- Fi  တို့ အသုံးပြုနိုင်သည်။
.
Snapdragon Wear 2100 chipset ကို အသုံးပြုထား RAM 512 MB ၊ Storage 4 GB နှင့် Battery မှာ 240 mAh ဖြစ်ကာ ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်သည်။ Watch Style မှာ Stainless Steel ကိုယ်ထည် နှင့်သားရေ လက်ပတ်တို့ ပါဝင်ကာ IP67 အဆင့် ရေစိုဒဏ်ခံနိုင်ပြီး တန်ဖိုးအားဖြင့်Titanium နှင့် Silver  အတွက် အမေရိကန် ဒေါ်လာ ၂၄၉ ဒေါ်လာဖြစ်ကာ Rose Gold အတွက် အမေရိကန် ဒေါ်လာ ၂၇၉ ဒေါ်လာ သတ် မှတ်ထားသည်။
.
ွှWatch Sport သည် ၁ ဒသမ ၃ လက်မ 480x480ျ Resolution P-OLED display ၊ Snapdragon Wear 2100 chipset ၊ RAM 768 MB ၊ storage 4 GB နှင့် 430mAh ဘက်ထရီ တို့ပါဝင်ကာ၊ Bluetooth ၊ Wi-Fi၊ LTE ၊ GPS ၊ NFC ၊ heart rate monitor၊ barometer နှင့် ambient light sensorကိုထည့်ပေးထားသည်။Watch Sport ၏ရေစိုဒဏ်ခံနိုင်သည့်အဆင့်မှာ IP68 ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာ ကျသင့် မည်ဖြစ်သည်။
.
Watch Style ကို Google Store အပြင် Best Busyှ ၌လည်း ဝယ်ယူနိုင်ကာ Watch Sport ကိုAT&T နှင့် Verizon ၌ ရောင်းချ မည်ဖြစ်သည်။ 
.
စမတ်နာရီ နှစ်မျိုးစလုံးကို အမေရိကန် နိုင်ငံ၌ စတင်ရောင်းချ မည်ဖြစ်ပြီး ကနေဒါ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ယူအေ အီးနှင့် ဗြိတိန်နိုင်ငံတို့၌ လာမည့်ရက် သတ္တပတ် အနည်းငယ်အတွင်း ရောင်းချ သွားမည်ဖြစ် ကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်း (၁၂)
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger