www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိ


ဖမ်းဆီးရမိ ဘင်္ဂါလီ ၂ ဦးကိုတွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲခန့်တွင် အမ်း- ကဇူးကိုင်း- စစ်တွေ သွားကားလမ်း မိုင်တိုင်အမှတ် (၂ဝ/၁)နှင့် (၂ဝ/၂)ကြား၌ မသင်္ကာဖွယ ဘင်္ဂါလီနှစ်ဦး အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးမှုများ အရ ၄င်းတို့သည် ကျောက်တော်မြို့နယ်၊ ပေါက်တော ပလောင်ကျေးရွာ နေ ဇက်တူး (ဘ) ဂူလာဘူရှူး နှင့် ဘော်ရှီရာမွတ် (ဘ) အသွင်ဟာမွတ် တို့ ဖြစ်ကြောင်း၊ တစ်ရွာတည်းနေ ကော်မော် (ဘ) ဆော်လာမတ် က အခကြေးငွေဖြင့် ရန်ကုန်သို့ ပို့ဆောင် ပေးမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခန့်တွင် ၄င်းတို့ရွာမှ ဆိုင်ကယ်ဖြင့် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီခန့်တွင် ကဇူးကိုင်းကျေးရွာ အနီးရှိ တောစပ် တစ်နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါနေရာတွင် ၄င်းတို့နှစ်ဦးကို ထားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်အထိ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ကားလမ်းအတိုင်း လမ်းလျှောက် လာစဉ် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ များအား အမ်းမြို့နယ် ရဲစခန်းတွင် တရားဥပဒေ အရ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger