www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

မလေးရှားနိုင်ငံက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောရောက်ရှိ


မလေးရှားနိုင်ငံမှပေးအပ်မည့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသော 
Nautical Aliya သင်္ဘောရန်ကုန်မြို့ရှိ MITT ဆိပ်ကမ်းသို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၇

မလေးရှားနိုင်ငံ အစိုးရက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ပေးအပ်မည့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင် လာသော Nautical Aliya သင်္ဘောသည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ MITT ဆိပ်ကမ်းသို့ ရောက်ရှိလာရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Seri Reezal Merican Naina Merican နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထောက်ပံ့ရေး ပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger