www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 18, 2017

အာဆင်နယ် အသင်း အဓိကတိုက်စစ်မှူး ဆန်းချက်ဇ် အသင်းမှ ထွက်ဃွာရန် ပြင်ဆင်နေ


လန်ဒန် (၁၈-၂-၂၀၁၇)
.
အာဆင်နယ် အသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ ဆန်းချက်ဇ်သည် ဘိုင်ယန်မြူး နစ်အသင်းကို ငါးဂိုး တစ်ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး နောက်အဝတ် လဲခန်းတွင် အသင်းဖော် များနှင့်အချင်းများကာ အာဆင်နယ် အသင်းမှ ထွက်ခွာရန် ပြင်ဆင် နေကြောင်း သိရသည်။
.
ဆန်းချက်ဇ်နှင့် အာဆင်နယ် အသင်းတို့ချုပ် ဆိုထားသော စာချုပ် သက်တမ်းအရ ၁၈လသက်တမ်းသာ ကျန်ရှိတော့ သည့်အတွက် အာဆင်နယ် အသင်းက ဆန်းချက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်နေသည်။
.
ဘိုင်ယန်မြူးနစ် အသင်းကို ရှုံး နိမ့်ခဲ့သောပွဲစဉ် အပြီးတွင် အသင်းဖော်များနှင့် အချင်းများခဲ့သည့် အတွက်ကြောင့် အာဆင်နယ်အသင်း မှ ထွက်ခွာရန် သေချာသလောက် ရှိနေပြီဖြစ်သော ဆန်းချက်ဇ်က အရှုံးနှင့်ပတ်သက်ပြီး စိတ်ပျက် လျက်ရှိနေရာ ၎င်းပွဲစဉ်အပြီးတွင် အီတလီနိုင်ငံသို့ သွားရောက်ခဲ့ ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
.
အသက်  ၂၈နှစ်ရှိနေပြီဖြစ်သည့် ဆန်းချက်ဇ်သည် ကလပ်အသင်း အဆင့်တွင် အောင်မြင်မှုများစွာ ရယူရန် စိတ်အားထက်သန်နေ သော်လည်း လက်ရှိကစားနေသော အာဆင်နယ်အသင်းမှာ ဘိုင်ယန် မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့ရပြီဖြစ် သောကြောင့် ချန်ပီယံလိဂ်မှထွက်ခွာ ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင်လည်း ရလဒ် များ မတည်မငြိမ်ဖြစ်နေပြီး အမှတ် ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းနှင့် အမှတ်ကွာဟချက်မှာ လိုက်မီရန် ခက်ခဲသည့်အနေ အထားဖြစ်နေသည်။
.
ဆန်းချက်ဇ်ကို စပိန်အသင်း ကြီးများအပြင် အီတလီနာမည်ကြီး ဂျူဗင်တပ်နှင့် ဂျာမနီနာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ချိတ် ဆက်လျက်ရှိနေပြီး ¤င်းအနေဖြင့် မူလက အာဆင်နယ်အသင်းတွင် ဆက်လက်ကစားသွားရန် ဆွေးနွေး မှုကိုလက်ခံခဲ့ဖူးရာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အနေအထားအရ ဆန်းချက်ဇ်ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒရှိနေသည့် အာဆင်နယ်အသင်းသည်မျှော်လင့် ချက်မဲ့သည့် အခြေအနေသို့ရောက် ရှိနေကြောင်း သိရသည်။  
.
မြ၀တီနေ့စဉ်သတင်းစာ ၁၈-၂-၂၀၁၇
.
#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger