www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

တောင်သမန်တံတား ရှေးမူမပျက်အကြီးစား ပြုပြင်ရန်အတွက် သစ်လုံးများကို အင်းအတွင်း၌ နေရာချထားပြီးဖြစ်



အမရပူရ ၊ ၁၅-၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် တောင်သမန် တံတားကြီးကို ရှေးမူမပျက် အကြီးစားပြုပြင်ရန် အတွက် ဖေဖော်ဝါရီ ၁၃ ရက်တွင် သစ်လုံးများကို အင်းအတွင်း၌ နေရာချထားပြီး ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။ 

တောင်သမန်တံတားကို အကြီးစား ပြုပြင်ရန်အတွက် လိုအပ်သည့် တိုင်လုံးများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ရေဦးကျောင်းတိုက် မှသယ်ယူထားခြင်း ဖြစ်ပြီး တံတား၏ ဆွေးမြည့်သည့် နေရာများတွင် တိုင်လုံးများကို အစားထိုးလဲလှယ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

''အရင်ကလဲ တံတားကြီး ပျက်စီးယိုယွင်းနေတဲ့ နေရာတွေကို ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တံတားကြီးဟာ အခုဆိုရင် နှစ်ပေါင်း ၁၆ဝ ကျော်ရှိပြီဖြစ်ပြီး သဘာဝဘေးဒဏ် တွေနဲ့ ခရီးသွား ဧည့်သည်တွေ နှစ်စဉ်များပြားလာတဲ့အတွက် တံတားရဲ့ တိုင်လုံးတွေ၊ ထုပ်တန်းတွေ၊ ကြမ်းခင်းတွေ ဆွေးမြည့်ပျက်စီးမှု တွေရှိခဲ့လို့ ၂ဝ၁၆ ခုနှစ် ဧပြီလမတိုင်ခင်က အကြီးစားပြုပြင်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။ သြဂုတ် လဆန်းပိုင်းမှာ ရေတက်ချိန် ဖြစ်တဲ့အတွက် ပြုပြင်မှုတွေ ရပ်နားထားခဲ့ ပါတယ်'' ဟု တောင်သမန်တံတား ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ထိုသို့ တိုင်လုံးများကို နေရာချထား၍ အကြီးစား ပြုပြင်ခြင်း လုပ်ငန်းများကို Myanmarteakwood ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး ယခု လက်ရှိအချိန်တွင် တိုင်လုံးပေါင်း ၃၅ တိုင်ကို ရေဦးကျောင်းတိုက်မှ သယ်ယူခြင်းဖြစ်ပြီး တံတားကြီး ပြုပြင်မည့်နေ့ကို အတိအကျ မသိရသေးကြောင်း သိရသည်။

၎င်းတံတားကြီးတွင် ပျက်စီးယိုယွင်း ခဲ့သည့် တိုင်လုံးပေါင်း ၂ဝဝ ကျော်ကို ရေမတက်မီ ကာလတွင် အသစ်လဲလှယ်မှုများ ပြုလုပ်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ (၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger