www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

ဒရုန်းပုံစံငယ်တစ်မျိုးကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၌ ၀တ်မှုန်ကူးပေးနိုင်မည့် စနစ်တစ်မျိုးဖန်တီး



တိုကျို ၊ ၁၅-၂-၂၀၁၇

ဂျပန်နိုင်ငံ၏အဆင့်မြင့်စက်မှု နည်းပညာနှင့်သိပ္ပံကျောင်းမှသုတေသီ များသည် ဒရုန်းပုံစံငယ်တစ်မျိုးကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ဝတ်မှုန် ကူးပေးနိုင်မည့်စနစ်တစ်မျိုးကို ဖန်တီးလိုက်ပြီဖြစ်ကြောင်းသိရသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကကျသည့်ဝတ်မှုန်ကူးသည့်တာဝန်ကို ထမ်းဆောင်နေသော အင်းဆက်များနှင့် အခြားသတ္တဝါများအပေါ် အားကိုးနေရခြင်းကို နည်းပညာဖြင့် ဝတ်မှုန်ကူးသည့်နည်းလမ်းဖြင့် လျှော့ချပေးနိုင်မည်ဖြစ်သည်။

သုတေသီအသင်းမှ ဓာတုဗေဒပညာရှင် Eijiro Miyako ကအိုင်းရွန်းဓာတ်ပါရှိသော အရည်များအပေါ် စမ်းသပ်မှုများ ပြုလုပ်နေစဉ် စမ်းသပ်မှုမအောင်မြင်သဖြင့် ဂျယ်တစ်မျိုးအဖြစ်ပြောင်းလဲသွားသော အဆိုပါအိုင်းရွန်းဓာတ်ပါရှိသော အရည်ကိုအဖုံးမပိတ်ဘဲ သိမ်းဆည်းထားရာနောင်နှစ်အနည်းငယ်တွင် ၎င်းမှာရေငွေ့ပြန်ခြင်းမရှိ၊ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကိုဆက်လက်လေ့လာခဲ့သည်။အဆိုပါဂျယ်သည်အချိန်ကြာသုံးစွဲနိုင်ပြီး ဖုန်မှုန့်များကို အလွယ် တကူစွဲကပ်စေနိုင်သဖြင့် အပင်နှစ်ခုကြား ဝတ်မှုန်ကူးရာတွင် လိုအပ်သည့် ကပ်စေးသော အရာတစ်မျိုးကို ရရှိခဲ့သည်။

ထို့ကြောင့် ပညာရှင်များက အချိန်တိုအတွင်း  ပန်းအရေအတွက်များစွာကို ဝတ်မှုန်ကူးနိုင်ရန် အမေရိကန်ဒေါ်လာ ၁ဝဝတန် ဒရုန်းငယ်များပေါ်တွင် ဂျယ်သုတ်လိမ်းထားသောမြင်းမြီးများ တပ်ဆင်၍ဝတ်မှုန်ကူးစေသည်။

စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် အဆိုပါဒရုန်းများက အပင်တစ်ပင်မှတစ်ပင်သို့  အောင်မြင်စွာ ဝတ်မှုန်ကူးပေးနိုင်ခဲ့ ကြောင်းသိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger