www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

မြောက်ကိုရီးယား ခေါင်းဆောင်၏ အစ်ကိုဖြစ်သူ ကင်ဂျူံနမ် ကွာလာလမ်ပူနိုင်ငံတကာ လေဆိပ်၌ လုပ်ကြံခံရ


Kim Jong-Nam, the eldest son of North Korean leader Kim Jong-Il

ကွာလာလမ်ပူ ၊ ၁၅-၂-၂၀၁၇

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ် သည် ကွာလာလမ်ပူ မြို့တော်ရှိ ကွာလာလမ်ပူ နိုင်ငံတကာ လေဆပ်၌ ဖေဖော်ဝါရီ ၁၃ ရက်က လုပ်ကြံခံခဲ့ ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ယမန်နေ့တွင် အတည်ပြု ခဲ့သည်။

အသက် ၄ဝ နှစ်အရွယ်ရှိ ကင်ဂျုံနမ် သည် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ် ဈေးဆိုင်တန်း၌ အဆိပ်ဖြင့် လုပ်ကြံခံခဲ့ ရခြင်းဖြစ်ကြောင်း အေဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အခြေစိုက် ယွန်ဟက် သတင်းဌာန၏ အဆိုအရ ကင်ဂျုံနမ် ကို အဆိပ်ဖြင့် လုပ်ကြံခဲ့သူများမှာ မြောက်ကိုရီးယား ထောက်လှမ်းရေး သမား အမျိုးသမီး နှစ်ဦးဖြစ်ပြီး ၄င်းတို့နှစ်ဦးစလုံး ထွက်ပြေး လွတ်မြောက် နေကြောင်း သိရသည်။

ကင်ဂျုံအွန် နှင့် ကင်ဂျုံနမ် တို့သည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ၏ သားအရင်းများဖြစ်ကြပြီး အဖေတူ အမေကွဲ ညီအစ်ကိုများ ဖြစ်သည်။

ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်၌ အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသော ကင်ဂျုံနမ်သည် ဆေးရုံသို့ တင်ပို့စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။

ကင်ဂျုံနမ် သည် ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ၏ သားအရင်း ဖြစ်သော်လည်း ၄င်း ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယား တတိယမျိုးဆက် ဦးဆောင်မှုကို ဆန့်ကျင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger