www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

ဗိုလ်ချုပ်ပုံပါ တံဆိပ်ခေါင်းများ ငွေကျပ် ၅၀၀ ဖြင့် ၀ယ်ယူနိုင်မည်


ရန်ကုန် ၊ ၁၅-၂-၂၀၁၇

ဗိုလ်ချုပ်အောင်ဆန်းပုံ ဖြင့် အသစ်ထုတ်ဝေမည့် တံဆိပ်ခေါင်းများကို ဆက်သွယ်ရေး စာတိုက်စခန်း များ၌ ငွေကျပ် ၅ဝဝ နှုန်းဖြင့် မတ်လမှစတင်၍ ဝယ်ယူစုဆောင်း နိုင်မည် ဖြစ်ကြောင်း စာတိုက်ရုံးများမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ တံဆိပ်ခေါင်းကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ဝေရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါ ဝန်ကြီးဌာန၏ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

တံဆိပ်ခေါင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံကို ထည့်သွင်းထုတ်ဝေရန် စီစဉ်နေခြင်းမှာ လွတ်လပ်ရေး ကြိုတင်ပြင်ဆင်သည့် ကာလဖြစ်သော ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန စတင်ဖွဲ့စည်းချိန်
ဗိုလ်ချုပ်အောင်ဆန်း သည် ပထမဆုံးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည့်အတွက် ကြောင့်ဖြစ်သည်။

''နိုင်ငံခြားရေးဝန်ကြီး ဌာနအနေနဲ့ တခြားပုံစံဒီဇိုင်း တွေနဲ့ တံဆိပ်ခေါင်း ထုတ်ခဲ့ဖူးပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ထုတ်တာက အခုပထမဆုံး ဖြစ်မယ်ထင်တယ်။ ထုတ်ရောင်းတဲ့အခါ အမှတ်တရ ဝယ်ယူစုဆောင်း သွားမှာပါ'' ဟု တံဆိပ်ခေါင်း စုဆောင်းသည့် ဝါသနာရှင် ဦးကျော်ကျော်အောင်က ပြောသည်။

အဆိုပါဝန်ကြီးဌာန မှ တံဆိပ်ခေါင်း ထုတ်ဝေမှုအပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် အဖြစ် အခမ်းအနားပွဲ များကို ကျင်းပသွားရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger