www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

ဒီဇယ်နှင့်ဓာတ်ဆီကို မော်တော်ယာဉ်များအတွက် သာမက ကဏ္ဍစုံအသုံးပြုမှု မြင့်တက်နေသဖြင့် ပြည်ပမှ ပိုမိုတင်သွင်းနေရ



ရန်ကုန် ၊ ၁၅-၂-၂၀၁၇

ပြည်တွင်း၌ ဒီဇယ်နှင့် ဓာတ်ဆီကို မော်တော်ယာဉ်များ အတွက် သာမက ကဏ္ဍစုံ အသုံးပြုမှု မြင့်တက်နေသဖြင့် ပြည်ပမှပိုမို တင်သွင်း နေရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စက်သုံးဆီများကို ပြည်တွင်းရှိ ငါးဖမ်းစက်လှေ လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ စက်မှုလက်မှု လုပ်ငန်းများ၊ တခြားသော စီးပွားရေး လုပ်ငန်းများ၊ မော်တော်ယာဉ်များ နှင့် စက်ရုံအလုပ်ရုံ များတွင် အသုံးပြုနေသည့် အင်ဂျင်စက်များ မောင်းနှင်ရန် ဝယ်ယူ အသုံးပြုလျက် ရှိသည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိ လာသဖြင့် စက်သုံးဆီ ဈေးကွက်မှာ အရောင်းသွက် လာပြီး ပြည်ပမှ အပတ်စဉ် တင်သွင်း ရောင်းချနေရကာ ယခုနှစ် ဇန်နဝါရီလ အတွင်း ပင်လယ် ရေကြောင်းမှ ဒီဇယ်နှင့် ဓာတ်ဆီတန်ချိန် စုစုပေါင်း နှစ်သိန်း နှစ်သောင်းကျော် တင်သွင်းခဲ့သည်။

ယခုအခါ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်းများကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင် များအား လုပ်ကိုင်ခွင့်ပြု ခဲ့သဖြင့် ၄င်းတို့မှ စက်သုံးဆီ များကို ပြည်ပ နိုင်ငံများမှ တင်သွင်းဖြန့်ဖြူး ရောင်းချလျက် ရှိသည်။

ဇန်နဝါရီလ အတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဒီဇယ်နှင့် ဓာတ်ဆီ တင်သွင်းရာတွင် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၆၄၃၆၉၈၇၇ တန်ဖိုးရှိ ဒီဇယ် ၁၁၈၇၄၃ ဒသမ ၈၄၅ တန်နှင့် အမေရိကန် ဒေါ်လာ ၂ဝ၉၉၄၂၇ဝ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၈၇၇ ဒသမ ၉၆၈ တန် စုစုပေါင်း ၁၄၃၆၂၁ ဒသမ ၈၁၃ တန် တင်သွင်းခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက် အထိ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၃၁၉၁၅၅၄၇ တန်ဖိုးရှိ ဒီဇယ် ၆၂၁ဝ၄ ဒသမ ၃ဝ၆ တန်နှင့် အမေရိကန် ဒေါ်လာ ၁၆ဝ၇၃၇၉၁ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၅ဝ၃ ဒသမ ၆၉၄ တန် စုစုပေါင်း ၈၅၆ဝ၈ တန် တင်သွင်း ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger