www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများအား တက္ကသိုလ်များအလိုက် လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား


နည်းပညာတက္ကသိုလ် (သန်လျင်)၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက်
 လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲကျင်းပစဉ်

ရတနာပုံတက္ကသိုလ်၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက်
 လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲကျင်းပစဉ်

နေပြည်တော် ၊ ၁၀-၂-၂၀၁၇

တက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံ စစ်ပညာများ သင်ကြားလေ့ကျင့် ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များ ရရှိ၍ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့် အခါတွင် အထောက်အကူ ရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာ စေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြုသည့် တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ဖွင့်လှစ်သည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် နည်းပညာ တက္ကသိုလ် (သန်လျင်)၊ ရတနာပုံ တက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ် နှင့် မော်လမြိုင် တက္ကသိုလ်တို့၌ အသီးသီးကျင်းပ ပြုလုပ်သည်။

အဆိုပါ တက္ကသိုလ် လေ့ကျင့်ရေး သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တပ်မတော် အရာရှိကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ သင်တန်း တာဝန်ခံ အရာရှိများ၊ သင်တန်းသား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

အဆိုပါ သင်တန်းများတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ် ကိုးခုမှ သင်တန်းသား စုစုပေါင်း ၁၆၆၆ ဦးအား အမှတ် (၁) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြ အရာရှိ၊ စစ်သည်များက လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တက္ကသိုလ်/ ကောလိပ် ခြောက်ခုမှ သင်တန်းသား စုစုပေါင်း ၆၈၃ ဦးအား အမှတ်(၂) တက္ကသိုလ် လေ့ကျင့်ရေးတပ် မှ နည်းပြအရာရှိ၊ စစ်သည်များက လည်းကောင်း၊ မော်လမြိုင် တက္ကသိုလ် မှ သင်တန်းသား စုစုပေါင်း ၃ဝဝ ဦးအား အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြအရာရှိ၊ စစ်သည်များက လည်းကောင်း၊ တောင်ကြီးမြို့ရှိ တက္ကသိုလ် သုံးခုမှ သင်တန်းသား စုစုပေါင်း ၅ဝ၄ ဦးအား အမှတ်(၄) တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ နည်းပြအရာရှိ၊ စစ်သည်များက လည်းကောင်း သက်ဆိုင်ရာ တက္ကသိုလ်များ အလိုက် အသီးသီး သင်ကြားပြသ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် တက္ကသိုလ်/ ကောလိပ် ၁၉ ခုမှ သင်တန်းသား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၁၅၃ ဦး သင်တန်း တက်ရောက် သင်ကြားမည် ဖြစ်သည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် တက္ကသိုလ် လေ့ကျင့်ရေး သင်တန်းတွင် ပထမနှစ်အခြေခံ စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ် အခြေခံစစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၅ ပတ်နှင့် ပထမနှစ် တန်းမြင့် စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁ဝ ပတ်၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ခုနစ်ပတ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပြီး စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ သောင်းကျန်းသူ နှိမ်နင်းရေး၊ အုပ်ချုပ်မှု ဘာသာရပ်၊ သဘောတရားရေး ဆိုင်ရာ ဘာသာရပ်၊ စက်ပစ်ကွင်း ပစ်ခတ်စဉ်၊ အနီးကပ် တိုက်နည်း (သိုင်း)၊ မြေပုံဖတ်နည်း၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြုနှင့် စုပေါင်း လေ့ကျင့်ခန်း စသည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger