www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 10, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ပြန်လည်ရောက်ရှိ ၊ ဒေသခံပြည်သူ ၈၈၀၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်



နေပြည်တော် ၊ ၁၀-၂-၂၀၁၇

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ဒေသများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ က ကြိုဆိုနှုတ်ဆက် ကြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး  စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၉၇၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆၉ ဦး၊ ကလေးရောဂါ ၁၁၁၇ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၂ဝ ဦး၊ အရိုးရောဂါ ၁ဝ၃၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၃၉၉ ဦး၊ မျက်စိရောဂါ ၁၁၉၂ ဦးနှင့် သွားရောဂါ ၉ဝ၄ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၈၈ဝ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၈၉ ဦး၊ သွားရောဂါ လူနာ ၈၆၄ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၃၆ ဦးတို့ကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသ မှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ ၄၃၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄၉၁ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင်ဆေးရုံ တက်ရောက် ကုသရန်လိုအပ် သည့် ဒေသခံပြည်သူ ၁၂၂ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန် လိုအပ်သော လူနာ တစ်ဦးအား ဘုတ်ပြင်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် စတုတ္ထအကြိမ် မြောက်ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်းမြို့ နှင့် ဟိုင်းကြီးကျွန်းမြို့ များသို့ သွားရောက်၍ ဒေသခံပြည်သူ ၄ဝ၁၂ ဦးကို လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ ၁ဝ၉၆၁ ဦး ကိုလည်းကောင်း၊ တတိယအကြိမ် အဖြစ် တနင်္သာရီတိုင်း ဒေသကြီး ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ ၁၁၈၁၈ ဦးကို လည်းကောင်း၊ ယခုအကြိမ်၌လည်း တနင်္သာရီတိုင်း ဒေသကြီး၊ ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ စုစုပေါင်း ၈၈ဝ၈ ဦး စုစုပေါင်း ၃၅၅၉၉ ဦးတို့ကို ပင်လယ် ရေကြောင်း ခရီးစဉ်များ အတိုင်း လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသ မှုများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger