www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး လုပ်ကြံခံရမှုဓာတ်ပုံက ၂၀၁၇ ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့စာနယ်ရှင်းဓာတ်ပုံဆု ရရှိ


World Press Photo announces winners of 2017 contests

The World Press Photo of the Year: Mevlüt Mert Altıntaş, a 22-year-old off-duty police 

သည်ဟိတ် ၊ ၁၅-၂-၂၀၁၇

၂ဝ၁၆ ခုနှစ်အတွင်း တူရကီနိုင်ငံ အင်ကာရာမြို့ ဓာတ်ပုံပြပွဲတစ်ခု၌ တူရကီ ပြင်ပ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရုရှားသံအမတ်ကြီးကို ပစ်ခတ်လုပ်ကြံ ပုံကို အမိအရ ရိုက်ကူးထားသော အေပီ သတင်းဌာန ဓာတ်ပုံဆရာ အော့ဇ်ဘီလီဆီ ၏ ဓာတ်ပုံသည် ကမ္ဘာ့စာနယ်ရှင်း ဓာတ်ပုံဆု ဆွတ်ခူးနိုင် ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အင်ကာရာမြို့ ဓာတ်ပုံပြပွဲ တစ်ပွဲ၌ မိန့်ခွန်း ပြောကြားနေသော ရုရှား သံအမတ်ကြီး အင်ဒရီကာလော့ဗ် ကို မီဗလွတ်မာ့ အယ်လ်တင်တပ်စ် အမည်ရှိ တူရကီ ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ကိုးချက်တိတိ ပစ်ခတ်လုပ်ကြံစဉ် သမိုင်းဝင် အဖြစ်အပျက်ကို ရဲရဲဝင့်ဝင့် ဓာတ်ပုံမှတ်တမ်း ရယူခဲ့သော အေပီ သတင်းဌာနမှ ဓာတ်ပုံဆရာ ဘီလ်လီဆီ ၏ သတ္တိဗျတ္တိကို ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆု ရွေးချယ်ရေး ခုံသမာဓိ လူကြီးများက ချီးကျူးခဲ့သည်။

သေနတ်သံ စထွက်ချိန်မှစ၍ တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး လုပ်ကြံခံရမှု သည် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာလိမ့်မည်ဟု မိမိသိနားလည် ခဲ့ကြောင်း ဓာတ်ပုံဆရာ အော့ဇ်ဘီလ်လီဆီ က အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

၂ဝ၁၇ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံဆုအတွက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ဓာတ်ပုံဆရာ ဦးရေ ၅ဝဝဝ ကျော်တို့က ဓာတ်ပုံပေါင်း ၈ဝ၄ဝဝ ကို ပေးပို့ထားရာ မည်သည့် ဓာတ်ပုံဆရာ မည်သည့်ဓာတ်ပုံကို ရွေးသင့်သည်ကို ခက်ခက်ခဲခဲ စဉ်းစားခဲ့ရကြောင်း နယ်သာလန် အခြေစိုက် ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံ ဖောင်ဒေးရှင်း က ပြောကြား ခဲ့သည်။

ကမ္ဘာ့စာနယ်ဇင်း ဓာတ်ပုံ ဖောင်ဒေးရှင်း ၏ ၂၀၁၁ ခုနှစ် အကောင်းဆုံး ဒုတိယဓာတ်ပုံဆုကို ပြည်တွင်းစစ် အတွင်း ကြားညပ်နေသော ဆီးရီးယား ကလေးငယ်များ၏ ဘဝကို ဓာတ်ပုံဖြင့် တင်ပြခဲ့ကြသည့် ဆီးရီးယား ဓာတ်ပုံဆရာ နှစ်ဦးက ရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger