www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

တပ်မတော်စစ်ကြောင်း များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များ ၊ ရီမုမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်


KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ များ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် 
မိုင်းစများထိမှန် ထားသည့်ယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ နမ္မတူမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ပန်ဝါကျေးရွာ အနီး၌ ခေတ္တအခြေပြု နေသည့် တပ်မတော် စစ်ကြောင်း များအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၈၅ ဦးခန့်က နေရာနှစ်နေရာ ဖြန့်ခွဲ၍ လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် အရှေ့ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံရှင်းလင်း တိုက်ခိုက်စဉ် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပန်ဝါကျေးရွာ အနီး တစ်ဝိုက်ရှိ တောင်ကုန်းများမှ KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၁၆ဝ ဦးခန့်က နေရာသုံးနေရာ ဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်က လေကြောင်းပစ်ကူ ရယူ၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် အနောက်ဘက် နှင့် အရှေ့ဘက်သို့ ဖြန့်ခွဲ ဆုတ်ခွာသွား ခဲ့သည်။

အလားတူ သိန်းနီ-လားရှိုး သို့ ပုံမှန် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာလာသည့် တပ်မတော်ယာဉ်တန်း သည် ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီ မိနစ် ၂ဝ ခန့်တွင် စံလောင်းရွာ၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ သို့ရောက်ရှိစဉ် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ များက ရီမုမိုင်းနှစ်လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်နေရာ အနီးတွင်ရှိသော ၁၂ ဘီးယာဉ် တစ်စီးအား မိုင်းစများထိမှန် ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မောင်နိုင်ထွန်းမှာ  မိုင်းစ ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်များအတွင်း အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အဆိုပါ နေရာတစ်ဝိုက် သို့ တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger