www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း နှင့် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများသည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဖတ်ကာ ၏ အရှေ့ မြောက်ဘက် ၄ မိုင်ခန့် အကွာသို့ အရောက် တောင်ကုန်းများ၌ နေရာယူထားသည့် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အင်အား ၂ဝဝ ဦးခန့်မှ လက်နက် ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်မှ အမြောက်ပစ်ကူ၊ လေကြောင်းပစ်ကူ များပေး၍ ပြန်လည်တိုက်ခိုက် ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များသည် အရှေ့မြောက် ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အဆိုပါဖြစ်စဉ် အတွင်း ရန်သူ့ထံမှ အမ် ၂၂ သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၂၁ တောင့် သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော်မှ စစ်သည်တစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရကာ စစ်သည်တစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger