www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 11, 2018

မူဆယ်မြို့၊ ဆင်ဖြူပေါက် ဂိတ်အနီး၌ တရားမဝင် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ


နေပြည်တော် ၁၁-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဆင်ဖြူပေါက်ဂိတ်အနီး၌ လုံခြုံရေးဆောင် ရွက်နေသော ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဦးအောင်ကျော်ဦး (ဘ) ဦးတင်ကျော် မောင်းနှင်လာသည့် Toyota Crown အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ကျောက်စိမ်းတုံး အရွယ်စုံ ၃၈ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆ သိန်း)အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ တရားမဝင် ကျောက်စိမ်းတုံးများနှင့် ဖမ်းဆီးရမိသူအား မူဆယ်မြို့မရဲစခန်းမှ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger