www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

မုံးကိုးမြို့နှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်မှ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့နှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁ဝ နာရီခန့်တွင် ရပ်ကွက်(၆)ရှိ လူမနေသည့် အိမ်ခြံစည်းရိုး အနီးမှ အမ် ၂၂ ကျည် ၂ဝဝ တောင့်၊ ၄င်းကျည်အိမ် နှစ်ခု၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ဒီတိုနေတာ ငါးခု၊ လက်ပစ်ဗုံး တစ်လုံးနှင့် ပွိုင့် - ၂၂ ပို့ကျည် ၂ဝဝ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဟေမိုးလုံကျေးရွာ ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ လမ်းဘေး ချုံအတွင်းမှ ဆာလာအိတ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် အမ်-၂၂ ကျည် ၅၆ တောင့်၊ ၄င်းကျည်အိမ် သုံးခုနှင့် ရှေ့ထွက်မိုင်း ကိုယ်ထည်တစ်ခု တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်း လင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger