www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

ပုံမှန်အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်းသည် ပုံမှန်အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်ရန် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီး အတိုင်း မော်တော်ယာဉ် များဖြင့် လားရှိုးမြို့သို့ ထွက်ခွာလာရာ နမ့်ကွတ်ရွာနှင့် နမ့်ဖလွန်းရွာ ကြားသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

အဆိုပါထိတွေ့မှု ဖြစ်စဉ်အတွင်း KIA အကြမ်းဖက သောင်းကျန်းသူ များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရာရှိ၊ စစ်သည်တချို့နှင့် ဖြစ်စဉ်နေရာ အနီးတွင် ရှိသော အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ပြည်သူနှစ်ဦးအား တပ်မတော် စစ်ကြောင်းက ဆေးဝါးကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ ၄င်း နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger