www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

မောင်တောခရိုင်၌ ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်ထား


မောင်တောမြို့အတွင်း အေးချမ်းတည်ငြိမ်စွာ သွားလာနေမှုကို တွေ့ရစဉ်

မောင်တော ၊ ၁၅-၁၂-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ဘူးသီးတောင် မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက် ရဲကင်းစခန်း တို့အား အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောခရိုင် အတွင်း ဒေသပိုမို တည်ငြိမ် အေးချမ်းရေး အတွက် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၉ ရက်မှစ၍ နှစ်လ ပြည့်မြောက်သည့် နေ့အထိ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင် ထုတ်ပြန် ထားကြောင်း သိရသည်။ 

အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှု မဖြစ်ခင်က ည ၁၁ နာရီမှ နံနက် ၄ နာရီအထိနှင့် ပြဿနာ ဖြစ်ပွားပြီး နောက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိကို ညမထွက်ရ အချိန်အဖြစ် သတ်မှတ်ထား ခဲ့ကြောင်း သိရသည်။ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်ပါက မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ စီ ဒဏ်ငွေကျခံ ရနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger