www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လက်နက်များ ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိ


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မန်မောင်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂ဝဝ ခန့်အကွာရှိ ပြောင်းခင်း အတွင်းမှ ဆာလာအိတ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် အမ် ၂၂ သေနတ်တစ်လက်၊ ၄င်းကျည်အိမ်နှစ်ခု၊ ၄င်းကျည် ၁၃၁ တောင့်နှင့် လက်ပစ်ဗုံးနှစ်လုံး တို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင်လည်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းစဉ် ဖောင်းဆိုင်ကျေးရွာ ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဝါးရုံအတွင်းမှ အမ် ၂၂ ကျည် ၉၅ဝ တောင့်၊ ကျည်အိမ် ၂၂ ခု၊ အာရ်ပီဂျီဒုံးသီး ငါးလုံး၊ အာရ်ပီဂျီပို့ကျည် တစ်တောင့်၊ ကြိုးဆွဲ လက်ပစ်ဗုံး လေးလုံး၊ အီကွေ့မန့် ခြောက်စုံ၊ ပလတ်စတစ်မြေခင်းစ ခုနစ်ထည်၊ ဆန်စလွယ်နှစ်ခု၊ ကေအိုင်အေ ပြောက်ကျားနှင့် အစိမ်းရောင် ယူနီဖောင်း ရှစ်စုံနှင့် ဦးထုပ်ကိုးလုံး တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ယမန်နေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် တန်ရန်ကျန် ကျေးရွာအတွင်းရှိ လူမနေသည့် အိမ်ဟောင်း တစ်လုံးအတွင်း မှ တူမီးသေနတ် လေးလက်၊ ကေအိုင်အေ ဦးထုပ်တစ်လုံး၊ မုံးပေါ်ပြည်သူ့စစ် ယူနီဖောင်း တစ်စုံနှင့် ကေအိုင်အေ ယူနီဖောင်းဖြင့် ရိုက်ထားသည့် ဓာတ်ပုံနှစ်ပုံ ကိုလည်းကောင်း၊ နမ့်ဆူကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ချောင်းချောက် အတွင်းမှ ကြိုးဆွဲ လက်ပစ်ဗုံး နှစ်လုံး ကိုလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger