www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 11, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းစဉ် လက်နက်များ ၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိ








နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက ဒေသတည်ငြိမ် အေးချမ်းမှု ရှိစေရန်နှင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်နိုင်ရန် နေ့ညမပြတ် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းတွင် တပ်မတော် စစ်ကြောင်းသည် ကုန်းကြမ်းမြို့နယ်၊ ရှင်ပင်ကိုင်း ကျေးရွာတောင်ဘက် မီတာ ၂ဝဝဝ ခန့် အကွာသို့ ရောက်ရှိနယ်မြေ ရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး MNDAA အကြမ်းဖက် သောင်းကျန်းသူ အလောင်း နှစ်လောင်း၊ အမ် ၂၂ သေနတ်နှစ်လက်၊ ကျည်အိမ်လေးခု၊ အမ် ၂၂ ကျည် ၆ဝ တောင့်၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး သုံးလုံး သိမ်းဆည်းရမိ ခဲ့ပြီး မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ နယ်မြေ ရှင်းလင်းစဉ် အမ် ၂၂ သေနတ် နှစ်လက်၊ ပွိုင့် ၂၂ သေနတ် နှစ်လက်၊ လေသေနတ် လေးလက်၊ အမ် ၂၂ ကျည်အိမ်ကိုးခု၊ မှန်ပြောင်းမျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ပို့ကျည် သုံးတောင့်ပါ အာပီဂျီဒုံးသီး နှစ်လုံး၊ တိုက်မိုင်း တစ်လုံး၊ လမ်းလျှောက် စကားပြောစက် နှစ်လုံး၊ မိုင်းရှာစက် တစ်လုံး၊ ကျောပိုးအိတ် တစ်လုံး၊ KIA ကုတ်အင်္ကျီ နှစ်ထည်၊ ပြည်သူ့စစ်တံဆိပ် တပ်ဆင်ထားသည့် ယူနီဖောင်း ၃၃ စုံနှင့် အရပ်သား အလောင်း ခုနစ်လောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ထို့ပြင် ယမန်နေ့နံနက် ၁၁ နာရီခန့် တွင်လည်း မုံးကိုးစခန်း၏ အရှေ့ဘက်ရှိ ချုံအတွင်းမှ အမ်၂၂ သေနတ်တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ၄င်းကျည် ၂ဝ တောင့်နှင့် လွယ်ကြိုးတစ်ချောင်း တို့ကို လည်းကောင်း၊ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် မုံးကိုးမြို့၊ အမှတ်(၆) ရပ်ကွက်အနီး ကြံခင်းအစပ် နေရာ၌ အမ် ၂၂ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် သုံးခု၊ လက်ပစ်ဗုံး သုံးလုံးနှင့် ၉ ဒသမ ၄၅ ကျည် ၃ဝဝ တောင့်တို့ အားလည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ဟေမိုးလုံကျေးရွာ တောင်ဘက် မီတာ ၅ဝဝခန့်အကွာ ကြံခင်းအစပ် နေရာ၌ အာပီဂျီဒုံးသီး နှစ်လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ စက်လတ်ကျည် ၄၅ တောင့်၊ အမ် ၂၂ ကျည် ၂ဝ တောင့်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger