www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 11, 2016

တိုက်ပွဲရှောင်ဒေသခံပြည်သူများ မုံးကိုးမြို့အတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်မှုအား စတင်လက်ခံ`


မုံးကိုးမြို့အတွင်း ပြန်လည်ဝင်ရောက် လာကြသော တိုက်ပွဲရှောင်ပြည်သူများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း ဖြစ်ပွားခဲ့သည့် KIA/TNLA/MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များ၏ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင် နေထိုင်လျက် ရှိရာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်၍ မုံးကိုးမြို့ နယ်စပ် ဝင်ပေါက်ဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များနှင့် ဌာနဆိုင်ရာ  ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ စစ်ဆေးလက်ခံ လျက်ရှိသည်။

ထိုသို့ လက်ခံစိစစ် ဆောင်ရွက်လျက် ရှိရာတွင် ပြန်လည်ဝင်ရောက် နေထိုင်မှုများ အနေဖြင့် ဒီဇင်ဘာ ၉ ရက်တွင် အမှတ်(၁) ရပ်ကွက် မှ အိမ်ထောင်စု ၁၂ စု၊ ကျား ၁၅ ဦး၊ မ ၁၃ ဦး စုစုပေါင်း လူဦးရေ ၂၈ ဦးအားလည်း ကောင်း၊ ယမန်နေ့တွင် အမှတ်(၂) ရပ်ကွက်မှ အိမ်ထောင်စု ၂၄၁ စု၊ ကျား ၅၃၉ ဦး၊ မ ၆၄ဝ ဦး စုစုပေါင်း လူဦးရေ ၁၁၇၉ ဦးအား လည်းကောင်း စိစစ်လက်ခံခဲ့ပြီး ယမန်နေ့ထိ စုစုပေါင်း အိမ်ထောင်စု ၂၅၃ စု၊ ကျား ၅၅၄ ဦး၊ မ ၆၅၃ ဦး လူဦးရေ ၁၂ဝ၇ ဦးတို့အား စိစစ်လက်ခံ နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger