www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 5, 2016

မန္တလေး ကရ၀ိတ်ရွေ့လျားဟိုတယ် သို့ ပြည်တွင်းပြည်ပ လာရောက် တည်းခိုသူများနှင့် နေ၀င်ချိန်ဆည်းဆာအလှ ကို ကြည့်ရှုခံစားသူလာရောက်မှု ပိုမိုများပြားလာ



မန္တလေး ၊ ၅-၁၂-၂၀၁၆

မန္တလေးမြို့ရှိ ကရဝိက် Mobile Hotel တွင် အပန်းဖြေသင်္ဘော စီး၍ ပြည်တွင်း၊ ပြည်ပမှ လာရောက် တည်းခိုသူများနှင့် နေဝင်ချိန် ဆည်းဆာအလှ ကို ကြည့်ရှုခံစားသူ များလာရောက်မှု နေ့စဉ်တိုးတက် များပြား လာကြောင်း မန္တလေး ကရဝိက် ရွေ့လျားဟိုတယ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အခုအချိန်က ပွင့်လင်းရာသီ ဖြစ်တော့ ပြည်တွင်း၊ ပြည်ပက လာရောက် လည်ပတ်သူတွေ အရင်နှစ် တွေထက် များလာပါတယ်။ လာရောက် လည်ပတ်တာ တွေထဲ မှာ ပြည်တွင်းကတော့ ပိုများပါတယ်။ ပြည်ပဧည့်သည်က တစ်လကို ပျမ်းမျှဦးရေ ၁၅ဝ လောက်ရှိပါတယ်။ ပြည်တွင်း ဧည့်သည်ကတော့ ဦးရေ ၃၀၀ ၊ ၄၀၀ လောက် ရှိပါတယ်''ဟု အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် တစ်ခုတည်းသော ရွေ့လျားဟိုတယ် သည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တို့တွင် ညနေ ၄ နာရီမှ ည ၆ နာရီထိ မင်းကွန်း (သို့မဟုတ်) စစ်ကိုင်းသို့ အပန်းဖြေ သင်္ဘောစီး၍ နေဝင်ချိန် ဆည်းဆာ အလှကို ဧရာဝတီမြစ် အတွင်းမှ ခံစားကြည့်ရှု နိုင်ကြောင်း၊ စစ်ကိုင်း၊-မင်းကွန်း အပန်းဖြေသင်္ဘော စီးရာတွင် ကလေးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ ကုန်ကျပြီး ရွေ့လျားဟိုတယ် အနေဖြင့် အာရှ အစားအစာ၊ ဥရောပ အစားအစာ ကိုယ်တိုင်ယူစနစ် (ဘူဖေး) ဖြင့် ကျွေးမွေး ဧည့်ခံကြောင်း သိရသည်။

အဆိုပါ ရွေ့လျားဟိုတယ် သည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် မင်းကွန်း (သို့မဟုတ်) စစ်ကိုင်း သို့ နေဝင်ချိန် ဆည်းဆာအလှကို ကြည့်ရှုရန် သွားလာရာတွင် အနည်းဆုံး လူဦးရေ ၅ဝ ရှိမှသာ ထွက်ခွာကြောင်း၊ လူဦးရေ မပြည့်၍ ရပ်နားထား ရခြင်းမှာ မရှိသလောက် နည်းပါး၍ တစ်ခါတစ်ရံ ရာသီဥတု ကြောင့်သာ ရပ်နားထားခြင်း ရှိကြောင်း၊ တည်းခိုစရိတ် အခန်းခမှာ ငွေကျပ် ၃ဝဝဝဝ မှ ၆ဝဝဝဝ ထိ ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger