www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း နှင့် KIA, TNLA အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊ အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုနေသည့် စခန်းတောင်ကုန်းကို သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်း များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် နမ္မတူမြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်သို့ အရောက် တောင်ကုန်း များတွင် နေရာယူ ထားသည့် KIA, TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၁၄ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ များမှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူ ပေး၍ ပြန်လည်တိုက်ခိုက် ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များသည် မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

အဆိုပါထိတွေ့မှု ဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်သည်တစ်ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ ရပြီး စစ်သည်တချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုနေသည့် စခန်းတောင်ကုန်းကို တပ်မတော်က သိမ်းပိုက်ရရှိ ခဲ့သည်။

တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ နယ်မြေလိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger