www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 1, 2016

အမေရိကန်နိုင်ငံ ကမ္ဘာ့အကြီးဆုံး အင်တာနက်မော်ကွန်းတိုက် ကြီးက ကနေဒါနိုင်ငံတွင် အရန်မော်ကွန်းတိုက် တည်ဆောက်သွားမည်



ဝါရှင်တန် ၊ ၁-၁၂-၂၀၁၆

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် ကမ္ဘာ့အကြီးဆုံး အင်တာနက် မော်ကွန်းတိုက် ကြီးက ဒေါ်နယ်ထရန့် သမ္မတ ဖြစ်လာပြီး အင်တာနက် မူဝါဒ များကို ပြင်ဆင်ကာ မော်ကွန်းများ၊ မှတ်တမ်းတိုက် များကို ဖျက်သိမ်းခိုင်းလျှင် ဒေတာဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေးအတွက် ကနေဒါနိုင်ငံတွင် ၄င်း၏ အရန် မော်ကွန်းတိုက် ကြီးကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်ဖရန်စစ္စကို အင်တာနက် မော်ကွန်းတိုက် ကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အင်တာနက် မှတ်တမ်းတိုက် ဖြစ်ပြီး အင်တာနက် စာမျက်နှာ သန်းပေါင်း များစွာတို့၏ စတင် ထုထ်လွှင့်ချိန်မှ ယနေ့အချိန်ထိ မှတ်တမ်းများကို သိုလှောင် သိမ်းဆည်း ထားကြောင်း သိရသည်။

လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ထရန့်က ပြစ်တင်ရှုတ်ချ လိုက်ပြီး ၄င်းအပေါ် အဆိုးဘက်မှ သုံးသပ် ရေးသားသော သတင်းသမား များကိုလည်း ပြစ်ဒဏ်ချမှတ် နိုင်ရန် ဥပဒေများ ဖော်ဆောင် သွားမည်ဟု ထရန့်က ပြောဆိုခဲ့ကြောင်း ၊ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် ထရန့်လက်ထက် ၌ ဆင်ဆာဥပဒေများ ပိုမိုပြင်းထန် ကြမ်းတမ်း လာပါက ထိလွယ် ရှလွယ်သော စာရွက် စာတမ်းများကို ကနေဒါနိုင်ငံ တွင် ဆက်လက်ထိန်းသိမ်း ထားရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger