www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 1, 2016

မဟာဗောဓိတထောင် လေးကျွန်းစကြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး



မုံရွာ ၊ ၁-၁၂-၂၀၁၆

မုံရွာမြို့နယ် ခတက္တန် (တောင်)ကျေးရွာ၊ မဟာဗောဓိတထောင် သာသနာ့နယ်မြေ အတွင်းရှိ ဗန္ဓဝ တောင်ကုန်းတော်တွင် ကျေးဇူးတော်ရှင် မဟာဗောဓိ တထောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒ ၏ ဆန္ဒရှိတော်မူ ခဲ့သည့် လေးကျွန်းစကြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မဟာဗောဓိ တထောင် သာသနာ့နယ်မြေ ၏ ဦးစီးနာယက ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ အရပ်ရပ်မှ အလှူရှင်များ စုပေါင်းအားဖြင့် တည်ဆောက်လျက် ရှိရာ ယခုအခါတွင် တည်ဆောက်ရေး လုပ်ငန်းများ ၈ဝ ရာခိုင်နှုန်း ထိ ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ရေး လုပ်ငန်းများ စတင်စဉ်က စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်းပြီး တည်ဆောက် ခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဗောဓိတထောင် နာယက ဆရာတော်ကြီး ငါးပါးထံသို့ ပြန်လည် လွှဲပြောင်းပေး ခဲ့သဖြင့် နာယက ဆရာတော်ကြီး များ၏ ကြီးကြပ်မှုဖြင့် ဆက်လက် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရုပ်ပွားတော်ကြီး တည်ဆောက်ရန် အတွက် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကိုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနား ကိုလည်းကောင်း ကျင်းပခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ အလှူငွေများ ဆက်သွယ်လှူဒါန်း လိုပါက ဗောဓိရွှေကျောင်း၊ မဟာဗောဓိ တထောင် ဖုန်း- ဝ၇၁- ၂၂၂- ၂၂ နှင့် ဝ၉- ၆၄၆ ၃၅၈၇သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်ဦး (မုံရွာ)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger