www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပြတိုက်ကို မင်္ဂလာဒုံမြို့နယ်တွင် တည်ဆောက်မည်


Salsali Private Museum (Dubai, United Arab Emirates)

ရန်ကုန် ၊ ၁၅-၁၂-၂၀၁၆

မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပြတိုက် ဖြစ်သည့် ဇေကမ္ဘာပြတိုက် ကို ဇန်နဝါရီလ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ ဇေကမ္ဘာ ဥယျာဉ်အတွင်း ငွေကျပ် ဘီလီယံ ၂ဝ ကျော် အကုန်အကျခံ တည်ဆောက် သွားမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ ထံမှ သိရသည်။

''ပုဂ္ဂလိကပြတိုက် အတွက် ဥပဒေပဲ ရှိသေးတယ်။ နည်းဥပဒေ မထွက်သေးဘူး။ နိုင်ငံတော် ကလည်း ခွင့်ပြုချက် ရပြီ။ ဝန်ကြီးဌာန ကလည်း ခွင့်ပြုချက် ရပြီဆိုတော့ ဒီလကုန်ကနေ စပြီး တည်ဆောက် သွားမယ်။ ပြည်ပနိုင်ငံ အတော်များများ ကို ရောက်သွားပြီ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်း တွေကအစ ပြန်ဝယ်ပြီး ရှေးဟောင်းပစ္စည်း စုဆောင်းခွင့်ကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ကြိုတင် စုဆောင်းခွင့် တင်ပြီးမှ စုဆောင်းတာပါ'' ဟု ၄င်းက ပြောသည်။

အဆိုပါပုဂ္ဂလိက ပြတိုက်ကို မြေစတုရန်းပေ ၁၅ဝဝဝဝ ကျော်၌ တည်ဆောက် သွားမည်ဖြစ်ကာ ယင်းပြတိုက် သည် အာရှ၌ အကြီးဆုံးပြတိုက် ဖြစ်လာနိုင်သည်။ ယင်း ပြတိုက်ကို အချိန်တစ်နှစ် အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် ၌ ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

အဆိုပါပြတိုက်ကို ပြင်သစ် ပညာရှင် များနှင့် ဒီဇိုင်းရေးဆွဲ ထားကာ နိုင်ငံခြား ပညာရှင်များဖြင့် Decoration ပြုလုပ် သွားမည်ဖြစ်သည်။ ပြတိုက် ထိန်းသိမ်းရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အကူအညီဖြင့် ဝန်ကြီးဌာန ၌ သင်တန်း တက်ရောက်ထား သူများနှင့် ပြည်ပ ၌ ပညာသင်ကြား ထားသူများက ထိန်းသိမ်း သွားမည်ဖြစ်သည်။

လက်ရှိတွင် ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်း ၆ဝဝဝဝ ကျော်နှင့် ခေတ် အဆက်ဆက် အသုံးပြုခဲ့သော ရှေးဟောင်း အိုးပေါင်း ၁ဝဝဝဝ ကျော် စုဆောင်း ထားရှိပြီးဖြစ်ကာ အထူးဆန်းဆုံး ဖြစ်သည့် အညာဒေသမှ ရရှိထားသော ၈ ပေ ၄ လက်မ အရွယ်ရှိ လိပ်ကိုလည်း အဆိုပါ ပြတိုက်၌ ထားရှိသွားမည် ဖြစ်သည်။ ပြတိုက်ဝင်ကြေး အဖြစ် နိုင်ငံခြား ခရီးသွား ဧည့်သည်နှင့် ပြည်တွင်း ဧည့်သည်များ အတွက် အခကြေးငွေ တစ်ခု
သတ်မှတ်ပေး သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် အခမဲ့စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger