www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် အဆိုပြုလွှာတင်မည်



ညောင်ဦး ၊ ၁၅-၁၂-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ရောထွေးနေသော ရှေးဟောင်း ယဉ်ကျေးမှုဇုန် အဖြစ် ယူနက်စကိုမှ လက်ခံလိုက်ပြီ ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ တွင် အဆိုပြုလွှာ တင်သွင်းမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က ဒီဇင်ဘာ ၁၂ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီး သတင်းထောက် များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခြင်း ဖြစ်သည်။

''ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းဖို့ ပြင်ဆင်နေတာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်ပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ လမှာ ယူနက်စကို ကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ဖို့ အဆိုပြုလွှာ တင်သွင်းရမှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ယူနက်စကိုသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကို သက်ဝင်လှုပ်ရှား နေသော ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ၊ စေတီပုထိုးများနှင့် သက်ဝင်လှုပ်ရှားခြင်း မရှိသည့် ရှေးမူမပျက် အဆောက်အအုံ၊ စေတီ ပုထိုးများ ရောပြွမ်း တည်ရှိရာ Mixed Heritage ဇုန်အဖြစ် လက်ခံခဲ့၍ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် အဆိုပြုလွှာ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရန် အခြေခံ လိုအပ်ချက် ဥပဒေသုံးရပ်ကို ရေးဆွဲနေပြီး ယင်းဥပဒေ သုံးရပ်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ Master Plan ၊ ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ခြင်း ဆိုင်ရာ Zone Plan နှင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တိုးတက်များပြား လာစေရန် Tourism Plan တို့ဖြစ်ကာ အဆိုပါဥပဒေသုံးရပ် ပေါင်းစပ်မှသာ ကောင်းမွန်သည့် အဆိုပြုလွှာ တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger