www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

မောင်တော-ဇင်ပိုင်ညာ - ငါးခူရ မြေသားကားလမ်း ပေါ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ


အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ထောင်ထားသည့် မိုင်းတစ်လုံးကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော်သား များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၉ နာရီခွဲခန့်တွင် ကံပြင်ကျေးရွာ ၏ အနောက် တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ မောင်တော- ဇင်ပိုင်ညာ- ငါးခူရ မြေသား ကားလမ်းပေါ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် အချင်း ၄ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ကားအင်ဂျင် စလစ်ဖြင့်  ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger