www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

သမ္မတရာထူးမှ နုတ်ထွက်ပေးရေး လှုပ်ရှားမှုများ မြင့်တက်လာသည့် တောင်ကိုရီးယား



( ရှိန်းထက် )

ယခုလတ်တလော အရှေ့အာရှ၌ပွက်လောရိုက်နေပြီး လူတိုင်း စောင့်ကြည့် ခံနေရ သည့် သတင်းမှာ ပြီးခဲ့သည့်နှစ် ပတ် ကစတင်ခဲ့သော တောင်ကိုရီးယားနိုင်ငံရေးအရှုပ်တော်ပုံသတင်း ဖြစ်သည်။ သမ္မတပါ့ခ်ဂွမ်ဟေး ပါဝင်ပတ်သက်နေသည့် အကြီးစားလိမ်လည်မှုကြီးဟု ခေါင်း စဉ် တပ်ခံနေရသော ထိုပြဿနာ သည် တောင်ကိုရီးယားပြည်သူများ အတွက်လက်မခံနိုင်စရာ သတင်းဖြစ်ရုံမျှမက သူတို့သမ္မတမှာ လူယုံတော်များ၏ ကြိုး ဆွဲရာကနေရသည့် ရုပ်သေး ရုပ် အဖြစ်မြင်နေရသည်က ပို၍ပင်ဆိုးနေ သေးတော့သည်။ 

သမ္မတ၏သစ္စာရှိလူယုံတော် မစ္စချွဲဆွန်ဆေလ်ကို ပြီးခဲ့သည့်တစ်ပတ်က ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ရုံး ထုတ်စစ်ဆေးခဲ့သည်။ ဖမ်းဝရမ်းမှာ အာဏာအလွဲသုံးစားပြုလုပ်မှုနှင့် အကြီးစား လိမ် လည်မှုဟု ခေါင်းစဉ်တပ်ထားခြင်းဖြစ်သည်။ သို့သော် အသေးစိတ်ဖြစ်သော မည်သည့်နိုင် ငံရေး အကြောင်းအရာများတွင် မစ္စချွဲဝင်ရောက်စွက်ဖက်ခဲ့သည်၊ အလွဲသုံးစားလုပ် ခဲ့သည်၊လိမ်လည်ခဲ့သည် စသည်တို့ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ထို့ကြောင့် တောင်ကိုရီးယားပြည်သူတို့ ပိုမိုပေါက်ကွဲနေခြင်းဖြစ်သည်။ သမ္မတ ပါ့ခ်ဂွမ် ဟေး ကတော့ယခုဖြစ်နေသည့် အရှုပ်တော်ပုံကိစ္စနှင့်ပြဿနာများအားလုံးသည်သူ့အမှားကြောင့်ဖြစ်ရသည်၊သူလျစ်လျူရှုခဲ့ခြင်းကြောင့် ဖြစ်ရသည်စသည်ဖြင့် ပြည် သူများကို တောင်း ပန်ခဲ့ သည်မှာနှစ်ပတ်အတွင်း နှစ်ကြိမ်ပင်ရှိသွားခဲ့ပြီဖြစ်သည်။

သို့သော် သမ္မတ၏စကားများကို ယုံကြည်သည့် လူစုက ၁ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။ထို ၁ ရာ ခိုင်နှုန်းက ယုံကြည်သည် ဆိုသော်လည်း သမ္မတ၏တောင်းပန်မှုကို လက်ခံ နိုင် လောက် သည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ 

သမ္မတပါ့ခ် ဂွမ်ဟေး သည်တောင်ကိုရီးယား၏ ပထမဆုံး အမျိုး သမီးသမ္မတတစဉ်စီဖြစ်ြပီးကမ္ဘာြ့သဇာလွမ်းမိုးမှု အရှိဆုံး အမျိုး သ မီးများထဲမှ တစ်ဦး အပါ အဝင်ဖြစ်သည်။ယခုတော့ ထိုနေရာကို သမ္မတပါ့ခ်ဂွမ်ဟေး လက်လွှတ်ရတော့မည်ဖြစ်သည်။ တောင် ကိုရီး ယားပြည်သူများ ကသူမ၏ စကားများကိုလည်း အယုံအကြည်မရှိကြတော့ဘဲပြောသမျှကို လိမ်ညာသည့် စကားလုံးများအဖြစ် သာမြင်ကြတော့ သည်။ထို့ကြောင့်သူမတောင်းပန်သော်လည်းလူအများစုကလက်မခံကြဘဲသူမနုတ်ထွက်ပေးရေးကိုသာ တောင်းဆိုနေကြခြင်းဖြစ် သည်။

ဆန္ဒပြမှုများသည် တစ်စထက်တစ်စပိုမိုဆိုးရွားလာပြီး ယခုအင်အားသိန်းချီသည်အထိပင် ရှိ လာသည်။ သမ္မတပါ့ခ် ဂွမ်ဟေး အနေဖြင့် အိမ်ပြာတော်မှ ထွက်ခွာပြီးသမ္မတအဖြစ်မှ နုတ် ထွက်ပေးရန် တောင်းဆိုနေကြပြီဖြစ်သည်။ ဆန္ဒပြကြ သည့် အထဲတွင်သမ္မတနှင့် သူ့လူယုံ မစ္စချွဲတို့ကို လက်ချင်းချိတ်ကာ အကြံတူလိမ်လည်သည့်ပုံသရုပ်ဖော်ကာ ချိတ်ဆွဲ ၍ လှောင် ပြောင် သရော်ကြခြင်းဖြစ်သည်။

မစ္စချွဲသည် သမ္မတပါ့ခ်ကို အသုံးချပြီးသူ့အကျိုးအမြတ်အတွက် အမေရိကန် ဒေါ်လာ သန်းနှင့် ချီရှာခဲ့ သည်ဟု ဝေဖန် ခံထားရပြီးသမ္မတပါ့ခ်ကလည်း သူပြောမည့်မိန့်ခွန်းများနှင့်အရေးကြီး စာရွက်စာတမ်းများကိစ္စတွင် မစ္စချွဲကို ဝင်ရောက်ခြယ် လှယ်ခွင့်ပေး ထားသည်ဟု စွပ်စွဲခံနေ ရခြင်းဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယားအတိုက်အခံအုပ်စုဘက်က နိုင်ငံ၏ အကြီး ဆုံးဖြစ် သည့် သမ္မတသည် နောက်ကွယ် ကလူ ယုံတွေ ရဲ့ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ်မလုပ်သင့်ဟု အယုံအကြည်မရှိသည့် ဝေဖန်သံများကိုမြှင့်တင်ခဲ့ပြီး ပါ့ခ် ဂွမ်ဟေးနုတ်ထွက်ရေးကို ပိုမိုဖိအားပေးခဲ့သည်။

သမ္မတပါ့ခ်ကတော့ အတိုက်အခံများနှင့် တွေ့ဆုံရန် ဆန္ဒရှိနေပြီး ယခုအချိန်ထိ အတိုက်အခံများ ကတော့ တွေ့ဆုံ ရန်ငြင်း ဆန်ထားဆဲဖြစ်သည်။ သူတို့အစဉ် တစိုက် တောင်း ဆိုနေ သည် မှာ သမ္မတရာထူးမှ နုတ်ထွက် ပေးရေးဖြစ်သည်။ သို့သော်သမ္မတပါ့ခ်ဂွမ်ဟေးက နုတ် ထွက် ပေးရန်အရေးကို နှုတ်ဆိတ်နေပြီး လိုအပ်လာပါ က ထိုအလွဲ သုံးစားပြု လုပ် မှုနှင့် ဆိုင်သည့် အရေးကိစ္စများကို စုံစမ်းစစ်ဆေးပေးရန်အထိပင် သူ့ကိုပြုလု ပ်နိုင်ကြောင်းဆိုထား သူဖြစ် သည်။

ထို့ကြောင့် မည်မျှပင် သမ္မတနုတ်ထွက်ပေးရန် တောင်းဆိုပါစေ သမ္မတရာထူးမှ ပါ့ခ်ဂွမ် ဟေး နုတ်ထွက်ပေးရန် ရာခိုင်နှုန်း အားနည်းနေသေးသည်။ သို့သော်လည်း လူပေါင်းသိန်းနှင့် ချီသော ဆန္ဒပြသမားများ၏ တောင်းဆိုမှု ကိုတော့ အလေးမထား၍ ရမည်မဟုတ်ပေ။ 

ယခု အတိုင်းဆက်သွားပါကသမ္မတကလည်း တောင်း ပန်သည့်ကိစ္စ ကလွဲလျှင် မည်သည့် အရာ မျှ ဖြစ်ဖြစ်မြောက် မြောက် မလုပ်နိုင်သေး။ ပြည်သူတို့ကလည်း သမ္မတအပေါ်ယုံကြည်မှုလည်း မရှိတော့။ သမ္မတအဖြစ်မမြင်ဘဲ ရုပ်သေးရုပ်တစ်ရုပ် ကဲ့သို့မြင်နေသောကြောင့် ဆန္ဒပြမှုများသည်သမ္မတရာထူးမှ နုတ် မထွက်မချင်း ရပ်တန့် သွားရန် လမ်းစမမြင်ရ ဘဲ ပိုမို ဆိုးရွားလာရန်သာမြင်နေရသည်။

တောင်ကိုရီးယားနိုင်ငံရေးအရှုပ်တော်ပုံသည် မြောက်ကိုရီးယားနှင့် စစ်ရေးတင်းမာ မှုမြင့်တက် လာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ တောင်ဘက်တွင် နိုင်ငံရေးအတွင်းပိုင်းက ရှုပ်ထွေး နေသည်။မြောက်ဘက်တွင်တော့ စစ်ရေးကိုပိုမို လှုပ်ရှားပြီး ဒုံးကျည်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ပစ်လွှတ်နေသည်။ ထို့ကြောင့် မြောက်ကိုရီးယားနှင့် သက်ဆိုင်သည့် အရေးကိစ္စ များတွင် တောင်ကိုရီးယား ဘက်မှအနည်းငယ် အားနည်းသွားနိုင်ပြီး သက်ရောက်မှု အနည်း နှင့်အများ ဖြစ်ပေါ် လာနိုင်သည်။

သမ္မတပါ့ခ်သည် ၂ဝ၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ကာ ၂ဝ၁၃ခုနှစ် ဖေဖော် ဝါရီ လက သမ္မတသစ်ဖြစ် လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှစတင်ကာ ဖော့ဘ်မဂ္ဂဇင်းကရွေးချယ်သည့် ကမ္ဘာ့ လွှမ်း မိုးမှုသြဇာအရှိဆုံး  အယောက် ၁ဝဝ စာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ တောင်ကိုရီးယား ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ရုံသာမက အရှေ့မြောက်ဘက် အာဆီယံနိုင်ငံများ၏ ပထ မဆုံး အမျိုးသမီးသမ္မတလည်းဖြစ်သည်။

ယခုတော့ ၂ဝ၁၆ ခုနှစ်ကို ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီးများ၏ ကံကြမ္မာ ဆိုးနှစ် တစ် နှစ်ဟု တင်စားရမည်လား မသိတော့ပေ။ ဘရာဇီး၌ ပထမဆုံးအမျိုး သမီး သမ္မ တပြုတ် ကျခဲ့ရသ ည်။ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာ ကဲလ် ဒေသန္တ ရရွေးကောက်ပွဲများတွင် ရှုံးနိမ့် မှုနှင့်တွေ့ကြုံခဲ့ရကာ လူထုထောက်ခံမှုများကျဆင်းခဲ့ရသည်။ ယခု အရှေ့ အာရှမှသြ ဇာအလွှမ်းမိုးဆုံး ဖြစ်ခဲ့သော သမ္မတ ပါ့ခ်ဂွမ်ဟေးမှာ နိုင်ငံရေး အရှုပ်တော်ပုံပြဿနာ များနှင့် တွေ့ကြုံကာ နုတ်ထွက်ရရန် အထိပင် ဖြစ်နေသည်။

ကမ္ဘာ့သြဇာ လွှမ်းမိုးမှုရှိသော အမျိုးသမီးများအတွက် အခက်ခဲဆုံးအချိန်များကို၂ဝ၁၆ ခုနှစ် တွင်ခံစားနေရသည်။ ထိုအထဲ တွင် မဖြတ်ကျော်နိုင်ဘဲ ကျရှုံးခဲ့သူက ဘရာဇီး၏ ပထမဆုံး သမ္မတ ဒီမာရူးဆတ် ဖြစ်သည်။ ဒီမာရူးဆတ် သည်လည်း ကမ္ဘာ့သြ ဇာလွှမ်းမိုးမှုအရှိဆုံး စာရင်း တွင်ထိပ်ဆုံးမှပါဝင်ခဲ့ပြီး သူလည်းအာဏာအလွဲသုံးစားလုပ်မှုနှင့်ပင် တရားစွဲခံ ခဲ့ရ ကာ ပါလီ မန် ၏ တရားဝင်မဲခွဲဆုံးဖြတ်ချက်နှင့်ဖြုတ်ချခံခဲ့ရသူဖြစ်သည်။

တောင်ကိုရီးယားနှင့် ဘရာဇီးတို့အဖြစ်က သွားတူနေသည်။ ထို့ကြောင့်ဘရာဇီး အတိုင်းသာ လိုက်ခဲ့မည်ဆိုလျှင် သမ္မတပါ့ခ်ဂွမ်ဟေး တစ်နည်းမဟုတ်တစ်နည်းနှင့် သမ္မတနေရာက ဖယ် ရှား ပေးရရန်ရှိနေသည်။ ဘရာဇီးနှင့် မတူသည်မှာ သမ္မတပါ့ခ် ဂွမ်ဟေး ကဲ့သို့ သိန်းနှင့်ချီ သောပြည် သူများက ဆန္ဒပြမှုမခံခဲ့ရခြင်း ဖြစ်သည်။ ယခု တောင်ကိုရီးယားအရေးက ပိုမိုပြင်းထန်နေသည်။ ထို့ကြောင့် ဘရာဇီး သမ္မတဒီမာရူး ဆတ်ကဲ့သို့ ထိုခရီးကိုသမ္မ တပါ့ခ်ဂွမ်ဟေးမဖြတ်ကျော်နိုင်ဘဲကျရှုံးမည်လားသို့မဟုတ်ထိုခရီးကို ကျော်ဖြတ်ပြီး အောင်နိုင်မည်လား ဆိုတာ စောင့်ကြည့်ရဦးမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger