www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 20, 2016

Federal Service for Military Technical Cooperation (FSMTC) ၊ "Russian Federation Armed Forces Combined Arms Academy" ရှိ Army Military Scientific Center နှင့် JSC "Kamaz" သို့ သွားရောက်လေ့လာ


ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား Army Military  Scientific Center မှ တာဝန်ရှိသူများက 
Russian Federation Armed Forces Combined 
Arms Academy ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြစဉ်

နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အောက်တိုဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် င်္Federal Service for Military Technical Cooperation (FSMTC) သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် FSMTC ၏ဒါရိုက်တာဖြစ်သူ Mr. Alexander Fomin နှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် လျာထားသည့် စစ်ဘက် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ညနေ ၄ နာရီတွင် "Russian Federation Armed Forces Combined Arms Academy" ရှိ Army Military Scientific Center သို့ရောက်ရှိရာ Deputy Head of Academy ဖြစ်သူ Lieutenant General Sergey Yudin နှင့် တာဝန်ရှိသူ များက ကြိုဆိုကြသည်။ ထို့နောက် တာဝန်ရှိသူ များက "Russian Federation Armed Forces Combined Arms Academy" ဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေး ပါသည်။ ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင် များသည် Army Military Scientific Center ရှိ နိုင်ငံခြားသား စစ်ဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လေ့ကျင့်ရေး ဌာနတွင် လေ့ကျင့် သင်ကြားပေး နေမှုများကို လိုက်လံကြည့်ရှု လေ့လာခဲ့သည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် JSC "Kamaz" သို့ထွက်ခွာရာ ညနေ ၆ နာရီတွင် ရောက်ရှိ၍ ကုမ္ပဏီမှ ထုတ်လုပ်သော မော်တော်ယာဉ် ဆိုင်ရာ အချက်အလက် များကို တာဝန်ရှိသူ များက ရှင်းလင်း တင်ပြမှုအား လေ့လာ၍ သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger