www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 20, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ်ဦးစီးချုပ် Col. Gen. L. Salyukov က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ၊ အညတရ စစ်သည်ဗိမာန်၌ ပန်းခွေချအလေးပြု ၊ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
အညတရ စစ်သည်ဗိမာန်၌ ပန်းခွေချ အလေးပြုစဉ်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ကရင်မလင်နန်းတော် 
St. Andrew ခန်းမ၌ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ 
ကြည်းတပ်ဦးစီးချုပ် Col. Gen. Oleg L. Salyukov တို့ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၀-၁၀-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား အောက်တိုဘာ ၁၈ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် ကရင်မလင် နန်းတော်ရှိ Alexandrovskiy ဥယျာဉ်၌ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. Oleg L. Salyukov က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကရင်မလင် နန်းတော်ရှိ Alexandrovskiy ဥယျာဉ်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. Oleg L. Salyukov က ကြိုဆိုနှုတ်ဆက် သည်။ 

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ရုရှား  တပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် အတူ ဂုဏ်ပြု တပ်ဖွဲ့ကို လိုက်လံ စစ်ဆေးသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည် အညတရစစ်သည် ဗိမာန်၌ ပန်းခွေချ အလေးပြုပြီး ကရင်မလင် နန်းတော်သို့ သွားရောက်၍ ၁၅ ရာစုတွင် တည်ဆောက် ခဲ့သော Vladimir ခန်းမ၊ ၁၈ ရာစုတွင် တည်ဆောက်ခဲ့သော Alexander ခန်းမ၊ ကက်သရင်းခန်းမ နှင့် ရုရှားနိုင်ငံ သမိုင်းကြောင်း တစ်လျှောက် စစ်သူရဲကောင်း များ၏ အမည်ကို ရေးထွင်းထားသော St. George ခန်းမ၊ ၁၉ ရာစုတွင် တည်ဆောက်ခဲ့ပြီး ယနေ့ အချိန်ထိ ရုရှားနိုင်ငံ၏ သမ္မတများ စတင်တာဝန် ထမ်းဆောင်ချိန် ကျမ်းသစ္စာ ကျိန်ဆိုသည့် St. Andrew ခန်းမများကို လှည့်လည် ကြည့်ရှုလေ့လာ ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဆက်လက် ထွက်ခွာပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. Oleg L. Salyukov နှင့်တွေ့ဆုံ၍ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး နှင့် သင်တန်းပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် တိုးမြှင့်ရန် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် အတူ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေ နှင့် မြန်မာ့တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ်နှင့်အတူ ရုရှား တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ရုရှား ဖက်ဒရေးရှင်း  နိုင်ငံ ကြည်းတပ် ဦးစီးချုပ် Col. Gen. Oleg L. Salyukov တို့သည် အထိမ်းအမှတ် တံဆိပ် အပြန်အလှန် ပေးအပ်၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များအား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ် ဦးစီးချုပ်က ကာကွယ်ရေး ဝန်ကြီး ဌာနတွင် ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်ပြီး နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကြည်းတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger