www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 19, 2016

ဒီရေတောကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ ယခုနှစ်အတွင်း စတင်လုပ်ဆောင်မည်



ပုလော ၊ ၁၉-၁၀-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ၌ ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ကို ရွေးချယ်ခဲ့ပြီး ယခုနှစ်အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အနာဂတ် ဒီရေတောများ အဖွဲ့ (MFF) မှ သိရသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ များ၌ ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အနာဂတ် ဒီရေတောများ အဖွဲ့ (MFF) က ယခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၇၅ဝဝဝ ပံ့ပိုးကူညီ ပေးခဲ့သည်။

ပုလောမြို့နယ်၌ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် Mangrove Service Network ၊ Myanmar Forest Association နှင့် Myanmar Fishery Federation အဖွဲ့တို့ကို ရွေးချယ်ခဲ့ပြီး ယင်း အဖွဲ့သုံးဖွဲ့သည် ဒီရေတော ထိန်းသိမ်း ရေးလုပ်ငန်းများ အပြင် ဒေသခံများ၏ အခြေခံ စားဝတ်နေရေး ဖွံ့ဖြိုးရေး အစီအစဉ်၊ လောင်စာ သက်သာသည့် ထင်းမီးဖို သုံးစွဲရေး လုပ်ငန်းများနှင့် ပင်လယ် သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အနာဂတ် ဒီရေတောများ အဖွဲ့ (MFF) ကို အာရှနိုင်ငံများမှ ဒီရေတောများ ပေါက်ရောက်သည့် နိုင်ငံများဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လတွင် ကမ္ဘောဒီးယား နိုင်ငံ၌ ပြုလုပ်ခဲ့သည့် Mangroves for the Future ၏ (၁၁) ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ဝင်နိုင်ငံ များက မြန်မာနိုင်ငံကို အမြဲတမ်း အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger