www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

အလက်စ်ကာပြည်နယ် ချူဂီနာဒက်ခ် ကျွန်းဆွယ်ရှိ ကလိဗ်လန် မီးတောင် ပေါက်ကွဲမည့် လက္ခဏာပြနေ


Mount Cleveland (Alaska)

အလက်စ်ကာ ၊ ၂၆-၁၀-၂၀၁၆

အမေရိကန်နိုင်ငံ အလက်စ်ကာ ပြည်နယ် ချူဂီနာဒက်ခ် ကျွန်းဆွယ်တွင် တည်ရှိသော ကလိဗ်လန် မီးတောင်သည် အောက်တိုဘာ ၂၄ ရက်နေ့က ပေါက်ကွဲတော့မည် လက္ခဏာများ ပြသခဲ့ပြီး၊ ပေါက်ကွဲနိုင်ခြေ အဆင့် အ၀ါရောင်အဆင့် အဖြစ် သတ်မှတ် လိုက်ကြောင်း အလက်စ်ကာ မီးတောင် စောင့်ကြည့်ရေး စင်တာက ထုတ်ပြန်သွား ခဲ့သည်။

မီးတောင် စောင့်ကြည့်ရေး စင်တာများ၏ သတ်မှတ်ချက် များအရ အ၀ါရောင် အဆင့်သည် ပေါက်ကွဲနိုင်ချေ ဒုတိယအမြင့်ဆုံး အဆင့် ဖြစ်သောကြောင့် ၎င်း၏ အထက်တွင် အနီရောင် အဆင့် တစ်ဆင့်သာ ကျန်ရှိ တော့သည်။  မြေငလျင် စောင့်ကြည့် တိုင်းတာရေး စင်တာကလည်း ကလိဗ်လန် မီးတောင် အနီးတစ်ဝိုက် တွင် ငလျင် လှုပ်နိုင်ချေ ရှိသည့် လက္ခဏာများ တိုင်းတာတွေ့ရှိ ရကြောင်း ထုတ်ပြန်သွား ခဲ့သည်။ 

ကလိဗ်လန် မီးတောင်သည် ၂၀၀၁ ခုနှစ်ကလည်း တစ်ကြိမ် အသေးစား ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ဖူးသော မီးတောင်တစ်ခု ဖြစ်သည်။ မကြာခဏ ဆိုသလို ပေါက်ကွဲမည့် လက္ခဏာများ ပြသလေ့ ရှိသည့် ကလိဗ်လန် မီးတောင်မှာ အလက်စ်ကာ မီးတောင် စောင့်ကြည့်ရေး စင်တာမှ အချိန်ပြည့် စောင့်ကြည့် နေရသော မီးတောင် တစ်တောင်လည်း ဖြစ်သည်။

ကလိဗ်လန် မီးတောင်သည် အမေရိကန် သမ္မတဟောင်း တစ်ဦးဖြစ်သူ ဂရိုဗာကလိဗ်လန် ကို အစွဲပြု၍ အမည်မှည့် ထားသော မီးတောင်တစ်ခု ဖြစ်ပြီး၊ အမေရိကန် နိုင်ငံမှ အသက်ရှိသော မီးတောင်များ စာရင်းတွင် ကလိဗ်လန် မီးတောင်က ထိပ်ဆုံးမှ ဦးဆောင် နေကြောင်းလည်း သိရသည်။ 

လက်ရှိ ကလိဗ်လန် မီးတောင် အခြေအနေနှင့် ပတ်သက်ပြီး ပေါက်ကွဲတော့မည့် အဆင့်သို့ ရောက်ရန် နီးစပ် နေသောကြောင့် ဒေသခံများ အနေဖြင့် သတိဝီရိယဖြင့် နေထိုင်သွား ကြရန် ကယ်ဆယ်ရေး အဖွဲ့များ ကိုလည်း တပ်လှန့်ထားကြောင်း ကျွန်းဆွယ် အာဏာပိုင်များက ထုတ်ပြန်သွားခဲ့သည်။ ကလိဗ်လန်မီးတောင်နှင့်ပတ်သက်ပြီး Reuter သတင်းထောက်က အလက်စကာမီးတောင်စောင့်ကြည့်ရေးစင်တာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ “မကြာခင် အချိန်အတွင်းမှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲတော့မယ့် လက္ခဏာ ပြနေတယ်” ဟု ပြန်လည် ဖြေကြားသွား ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger