www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

ဖူကူရှီမာ ဖြစ်ရပ်ဆိုးမှ နျူကလီးယားဆက်စပ်ပစ္စည်းများ သန့်စင်ရေးလုပ်ငန်းများ အတွက် နှစ်စဉ်ကုန်ကျစရိတ်ကို ဂျပန်အစိုးရက ထုတ်ပြန်



တိုကျို ၊ ၂၆-၁၀-၂၀၁၆

ဂျပန်အစိုးရက ၂၀၁၁ ခုနှစ်မတ်လက ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်း များကြောင့် ဖူကူရှီမာ ဓာတ်ပေါင်းဖို ပျက်စီးခဲ့ရပြီး၊ ရေဒီယို သတ္တုများ မြစ်များအတွင်းသို့ စိမ့်ဝင်ကာ ဂျပန်ပြည်သူပေါင်း များစွာ၏ အသက်ကို နုတ်ယူသွား ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် ကုန်ကုစရိတ် များကို ထုတ်ပြန်သွား ခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် ဖူကူရှီမာ ဖြစ်ရပ်ဆိုးကြောင့် နျူကလီးယား ဆက်စပ်ပစ္စည်းများ ပျံ့နှံ့ခဲ့ ပြီးနောက်  ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့တိုင် နျူကလီးယားရှင်းလင်းရေး လုပ်ငန်းစဉ်များ နှစ်စဉ် ဆောင်ရွက် နေရကြောင်း သိရသည်။ 

အဆိုပါ နျူကလီးယား ရှင်းလင်းရေး လုပ်ငန်းစဉ် များအတွက် နှစ်စဉ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိ ကုန်ကျနေကြောင်း ဂျပန်ပြည်သူများ သိရှိအောင် ရှင်းလင်း ချပြသွားခဲ့သည်။ ဂျပန်နိုင်ငံ စက်မှုဝန်ကြီး ဌာန မှ ဒါရိုက်တာ ဖြစ်သူ ယိုဂျီရိုဟာ တာကီယာမာ က - “နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပျက်စီးခဲ့တာ တွေနဲ့ ပတ်သက်ပြီး ယနေ့တိုင် အန္တရာယ်ပြုနိုင်ဆဲ ဖြစ်လို့ နှစ်စဉ် နျူကလီးယား ရှင်းလင်းရေး လုပ်ငန်းစဉ် တွေကို လုပ်ကိုင် ဆောင်ရွက် နေရဆဲပါ၊ ဒီလုပ်ငန်းစဉ် အတွက် နှစ်စဉ်တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိကို သုံးစွဲ နေရဆဲပါ” ဟု ပြောကြားသွား ခဲ့သည်။ 

လက်ရှိ အသုံးပြုနေသော နျူကလီးယား ဓာတ်ပေါင်းဖိုရှိ ယူရေနီယမ် များသည် လာမည့် ၂၀၁၈ ခုနှစ် သို့မဟုတ် ၂၀၁၉ ခုနှစ်ခန့်တွင် အရည်ပျော် ကျသည့် ပြဿနာ များဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသောကြောင့် ဓာတ်ပေါင်းဖို များကို ပြန်လည်မွမ်းမံ သွားရမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့မွမ်းမံစဉ် ကာလတွင် ရေဒီယို သတ္တုကြွ ဓာတ်ငွေ့များ ပျံ့လွင့်နိုင်သည့် အတွက် အနီး ပတ်ဝန်းကျင်ရှိ ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ရွေ့ပြောင်း နေထိုင်ရဖွယ် ရှိနေကြောင်း လည်း သတိပေး ထုတ်ပြန် သွားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger